Tuesday, September 17, 2013

မျက်ကြည်လွှာတစ်ခုတည်းဖြင့်လူနာသုံးဦးခန့် အစားထိုးကုသနိုင်ပြီ

Posted by drmyochit Tuesday, September 17, 2013, under | No comments


မျက် ကြည်လွှာတစ်ခုကို ယခင်က လူ တစ်ဦးကိုသာ အစားထိုးကုသ နိုင်ခဲ့ရာမှ ယခုအခါတွင် ပြောင်း လဲတိုးတက်လာသော နည်းပညာ များကြောင့် မျက်ကြည်လွှာတစ် ခုကို လူသုံးဦးခန့်အား ကုသလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။မျက်ကြည်လွှာတွင် Epithetiun,Stroma,Endot heliun ဟူ၍ အပိုင်းသုံးပိုင်းရှိသည့် အထဲတွင် မကောင်းသည့်အပိုင်း ကိုသာ အစားထိုးကုသလာနိုင် ခြင်းဖြစ်ကြောင်း မျက်စိအထူး ကုဆရာဝန်ကြီးပါမောက္ခဒေါက် တာ တင်ဝင်းက ပြောသည်။

''ဆရာတို့က တစ်ချိန်တုန်း ကဆိုရင် မျက်စိဘယ်နေရာပဲထိ ထိ မျက်ကြည်လွှာတစ်ခုလုံးကို ထုတ်လိုက်တယ်။ နောက်ဟိုဘက် ကမျက်ကြည်လွှာတစ်ခုလုံးကို ယူပြီးတော့ ထည့်လိုက်တယ်။ အဲဒါကို KRP လို့ခေါ်တယ်။ ဒီ နောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတယ်။ စက်ပစ္စည်း တွေရောက်ရှိလာတော့မှ မကောင်း တဲ့အပိုင်းလေးကိုပဲအစားထိုး တော့ မျက်ကြည်လွှာတစ်ခုတည်း နဲ့ လူနာနှစ်ဦးသုံးဦးကို ကုလာနိုင် တာပါ''ဟု ပါမောက္ခ ဒေါက်တာ တင်ဝင်းက ပြေကြားသည်။

ယင်းကဲ့သို့ မျက်ကြည်လွှာ တစ်ခုတည်းမှ လူနာသုံးဦးခန့် အား အစားထိုးကုသလာနိုင်ခြင်း မှာ အမေရိကားတွင် ၂၀၀ဝပြည့် နှစ်ကတည်းက စတင်ပြုလုပ်နိုင် ခဲ့ပြီး အာရှနိုင်ငံများမှာ ၂၀၀၈ ခုနှစ်ခန့်တွင် စတင်လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းနည်းပညာနှင့် စက်ပစ္စည်း များက ယမန်နှစ်မှစတင်ပြီး ရန် ကုန်မျက်စိဆေးရုံကြီးတွင် စတင် အသုံးပြုကာ ကုသနိုင်ခြင်းဖြစ် ကြောင်း သိရသည်။

''အလှူရှင်တစ်ဦးဆီက မျက် ကြည်လွှာက ၁ဝမီလီမီတာရှိမယ် ဆိုရင် အဲဒီကနေလိုအပ်တဲ့ ခုနစ် မီလီမီတာကို အရင်ဖြတ်ပြီးတော့ လိုအပ်တဲ့နေရာ Stroma နဲ့ Epithetiun ဆိုပြီးနှစ်ပိုင်းခွဲလိုက်ပြီး လိုအပ်တဲ့လူနာနှစ်ဦးကိုပေးလိုက် တယ်။ ကျန်တဲ့သုံးမီလီမီတာကို တော့ အဲဒီအပိုင်းမှာ လိုအပ်တဲ့ လူနာနောက်တစ်ဦးကို ပေးလိုက် မယ်ဆိုရင် မျက်ကြည်လွှာတစ် ခုနဲ့ လူနာနှစ်ဦးသုံးဦးကို ကုသ ပေးနိုင်မယ်'' ဟု မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက် တာတင်ဝင်းက ပြောသည်။

ယခုလက်ရှိအချိန်တွင် မျက် ကြည်လွှာအစားထိုးကုသခြင်း ကို နည်းနှစ်နည်းလုံးဖြင့် ကုသ နေနိုင်ပြီဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားခဲ့သည်။
''မျက်ကြည်လွှာတစ်ခုလုံး လိုအပ်တဲ့လူနာကို မျက်ကြည်လွှာ တစ်ခုလုံးပေးတယ်။ မျက်ကြည် လွှာကိုလွှာပြီးတော့ လိုအပ်တဲ့ အပိုင်းလေးပဲပေးပြီးတော့ ကုသ ခြင်းဆိုတဲ့ နည်းနှစ်နည်းလုံးနဲ့ ကုသလို့ အောင်မြင်နေပါပြီ။ လှူ ဒါန်းတဲ့သူတွေက နည်းပေမယ့် အမြင်အာရုံရသွားတဲ့သူတွေက တော့ အရင်ကထက်တော့ ပိုများ လာပါပြီ''ဟုပြောသည်။

မျက်ကြည်လွှာသည် လူ တစ်ဦးသေဆုံးပြီး လေးနာရီအ တွင်းထုတ်ယူရခြင်းဖြစ်သည့်အ တွက် ရန်ကုန်နှင့်မန္တလေး မျက်စိ ဘဏ်နှစ်ခုအနေဖြင့် ၂၄ နာရီ တာဝန်ချိန်ရှိနေကြောင်း၊ လတ် တလောတွင် မျက်ကြည်လွှာအ စားထိုးကုသရန် လူနာ ၃၀၀၀ ခန့်စောင့်ဆိုင်းနေပြီး တစ်နှစ် လျှင် လှူဒါန်းသူမှာ ၁၀၀ မှ ၁၅၀ အတွင်းသာရှိကြောင်း သိရသည်။

[ ခင်သက်မွန် ၊ စက်တင်ဘာ ၆ ၊ ရန်ကုန် ]
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်