Wednesday, September 18, 2013

ခိုးရာပါ လက်နက်များနှင့် ခိုးယူခဲ့သူများအား ဖမ်းဆီးရမိ

Posted by drmyochit Wednesday, September 18, 2013, under | No comments


မြစ်ကြီးနား ၁၈-၉-၂၀၁၃


စက်တင်ဘာ ၁၃ ရက် ည ၉ နာရီ ၂၅ မိနစ်က မြစ်ကြီးနား မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် မြို့မ ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ရင်း (၃ဝ)မှ တပ်ဖွဲ့ဝင် များက လုံခြုံရေး တာဝန် ထမ်းဆောင်လျက် မြို့သစ်ကြီး ရပ်ကွက် အုပ်စု အေးမြသာယာ ရပ်ကွက် စက်မှုလယ်ယာ မြို့ပတ်လမ်းဆုံ ၌ ရှောင်တခင် စစ်ဆေးခြင်းကို ဆောင်ရွက်ရာ တက်တိုး မောင်းနှင်ပြီး သန်းကျော်ဌေး လိုက်ပါ စီးနင်း လာသည့် ရှာယန်း ၁၂၅ ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ၄င်းဆိုင်ကယ် တူးဘောက် အတွင်းမှ ဒဿမ ၆၂ မမ ပစ္စတို (၁)လက် ၊ ကျည်အိမ် (၁)ခု နှင့် ကျည်ဆံ (၇)တောင့်အား ရှာဖွေ သိမ်းဆည်း ရမိကာ ၄င်းတို့၏ ထွက်ဆိုချက် အရ ကန်ပိုက်တည် မြို့နယ်ခွဲ စင်ကြိုင် ကျေးရွာ အမှတ်(၁ဝဝ၃) နယ်ခြား စောင့်တပ် တွင် ဖိုးချို(ခ)သန်း နိုင်ထူး နှင့် လမ်းခင်းရန် ကျောက်ထု၍ ကျောက်စုသည့် အလုပ်အား လုပ်ကိုင်စဉ် စက်တင်ဘာ ၁ဝ ရက်နေ့တွင် တပ်အတွင်းမှ လူမနေသည့် နေအိမ်၌ သံသေတ္တာ အား ဖောက်ထွင်းကာ သေတ္တာ အတွင်းမှ ဒဿမ ၆၂ သေနတ် (၄)လက် ၊ ကျည်အိမ် (၅)ခု ၊ ကျည်ဆံ (၄၅)တောင့် အား ခိုးယူ ခဲ့ကြောင်း ၊ ကျန် ရှိလက်နက် နှင့်ခဲယမ်း ကျည်အိမ် များအား တက်တိုး ၏ နေအိမ်၌ လျှို့ဝှက်စွာ သိမ်းဆည်း ထားကြောင်း အစစ်ဆေးခံ၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှရီ ၊ မြို့မ ရဲစခန်းမှူး ဒုရဲမှူး မိုးဇော် နှင့် နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် သက်ဇော်ဦး တို့ ပါဝင်သော တပ်ဖွဲ့ဝင် များက တက်တိုး ၏ နေအိမ် ကွပ်ပစ်အောက်၌ လျှို့ဝှက် သိမ်းဆည်း ထားသော ကျန်ရှိသော သေနတ် (၃)လက် ၊ ကျည်အိမ် (၄)ခု ၊ ကျည် (၃၈)တောင့် တို့အား ထပ်မံ၍ ရှာဖွေ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖိုးချို၏ ထက်မံ ထွက်ဆိုချက် အရ စက်တင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီ အချိန်တွင် မြစ်ကြီးနား ခရိုင် အထူး မှုခင်း နှိမ်နင်းရေး အဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် ဖိုးချိုအား ခေါ်ဆောင်၍ မြစ်ကြီးနားမှ ဆဒုံးမြို့နယ်ခွဲ သို့ သွားရောက်ကာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ဖိုးချို ၏ ပြောပြချက် အရ ခစတ(၁ဝဝ၃) (စင်ကြိုင်) တပ်စခန်း မြောက်ဘက် (၄) ဖာလုံခန့် အကွာ ဆဒုံး မှ ကန်ပိုက်တီ ကားလမ်း ယာဘက် အခြမ်း မြေထိန်းနံရံ အထက်ရှိ ကျောက်တုံးများ အကြား လျှို့ဝှက် သိမ်းဆည်း ထားသော A. bb 718 နံပါတ်ပါ Webley အမျိုးအစား ခြောက်လုံးပြူး သေနတ် (၁)လက် ၊ 0.38 BPL တံဆိပ်ပါ စတီးရောင် ခြောက်လုံးပြူး ကျည် (၁)တောင့် ၊ .၃၂ ပစ္စတို ကျည်အိမ် (၁) ခုတို့အား ထပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း နှင့် တက်တိုး ၊ သန်းကျော်ဌေး နှင့် ဖိုးချို တို့ ၃ ဦးအား လက်နက် ခိုးယူ ကိုင်ဆောင်ကြောင်း စစ်ဆေး တွေ့ရှိ ရ၍ မြစ်ကြီးနား မြို့မ ရဲစခန်းမှ (ပ) ၁၆၄/ ၂၀၁၃ လက်နက် ဥပဒေ ပုဒ်မ ၁၉ (ခ) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

From: Pyi Chit Thar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်