Wednesday, September 18, 2013

ကုလသမဂ္ဂအစီရင်ခံစာကြောင့်ဆီးရီးယားအပေါ်ကမ္ဘာ့အမြင်ပြောင်းလဲဟု အိုဘားမားဆို

Posted by drmyochit Wednesday, September 18, 2013, under | No comments


ဝါရှင်တန်၊ စက်တင်ဘာ ၁၈။

ကုလသမဂ္ဂ၏ဓာတုလက်နက်နှင့်ပတ်သက်သည့် အသေးစိတ်ကျသည့် အစီရင်ခံစာသည် သမ္မတဘာရှာ အယ်အာဆတ် အစိုးရ၏ လုပ်ဆောင်မှုများအပေါ် နိုင်ငံတကာအမြင်ကိုပြန်လည်ပုံဖော်ခဲ့ကြောင်း အမေရိကန် သမ္မတအိုဘားမားက ယမန်နေ့ကပြောကြားသည်။

အိုဘားမားက တနင်္လာနေ့တွင်ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအစီရင်ခံစာသည် အပြစ်တင်စကား တိုက်ရိုက် မပြောကြားထားသော်လည်း သြဂုတ် ၂၁ ရက်နေ့က လူပေါင်း ၁၄၀၀ သေဆုံးစေခဲ့သောတိုက်ခိုက်မှုတွင် ၎င်းတို့အစိုးရ ပြောကြားချက်တိုင်းကို သက်သေပြခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့သည့် ဒမတ်စကတ်စ် ဆင်ခြေဖုံးမှ နမူနာများ၊ သက်သေများကို စုဆောင်းခဲ့ကြသည့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ၏ အစီရင်ခံစာကို အာဆတ်အစိုးရအား တုံ့ပြန်မည့် ခိုင်မာသော လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် အမေရိကန်၏ တချို့သော မဟာမိတ်များ စောင့်ဆိုင်းနေခဲ့ကြ ကြောင်း ပြောကြားသည်။

“စုံစမ်းစစ်ဆေးသူတွေက ဓာတုလက်နှက် သုံးခဲ့ပါတယ်လို့ ရှင်းရှင်းလင်းလင်းပြောပြီးပါပြီ” ဟု စပိန်ဘာသာ စကားပြော ရုပ်သံ တယ်လီမန်ဒိုနက်ဝတ် သို့ သမ္မတက ပြောကြားသည်။

“သူတို့မှာပါတဲ့သက်သေတွေရဲ့အသေးစိတ် အချက်တွေကို ခင်ဗျားတို့ ကြည့်တဲ့အခါ အခြားသူသုံးခဲ့တာ မဟုတ်ဘူး။ အစိုးရတပ်သုံးခဲ့တာပဲဆိုတာ ဖုံးလို့မရဘူး”
“ကျွန်တော် တွေးမိတာတော့ နိုင်ငံတကာ တုံ့ပြန်မှု ပြောင်းလဲခြင်းပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာ အမြင်တွေ ပြောင်းလဲသွားတယ်”ဟု အိုဘားမားက ပြောကြားသည်။

ဆက်လက်၍ အမေရိကန်သည် ရုရှားနှင့်အပြင် ဆီးရီးယားအစိုးရနှင့်လည်း တိုက်ရိုက် မဟုတ်ဘဲ ဓာတုလက်နက် ဖျက်သိမ်းရေး ဖြစ်စဉ်အတွင်း ပိတ်မိနေခဲ့ကြောင်း၊ သမ္မတ အာဆတ်ကို အာဏာမှ ဖယ်ရှားရမည်ဆိုသည့် ၎င်း၏အမြင်ကိုပြောင်းလဲခြင်း မရှိသေးကြောင်း ပြောကြားသည်။

“ဓာတုလက်နက်ကို ဘယ်သူမှ မသုံးဖြစ်အောင် အဲဒီလက်နက်တွေကို ထုတ်ပစ်တာ သေချာအောင် လုပ်ဖို့ဆိုတာ ကျွန်တော့်ရဲ့ တသမတ်ဦးတည်ချက်ပါ”ဟု အိုဘားမားက ပြောကြားသည်။

Ref:AFP
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်