Wednesday, September 18, 2013

လူမဆန်မှုတွေ မြောက်ကိုရီးယား ကျူးလွန်ဟုဆို

Posted by drmyochit Wednesday, September 18, 2013, under | No comments

ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ရဲ့ နိုင်ငံတွင်း
ဝင်ရောက် စုံစမ်းလိုမှုကို မြောက်ကိုရီးယားက
 ငြင်းပယ်ထား
မြောက်ကိုရီးယား နိုင်ငံမှာ လူမဆန်တဲ့ ရက်စက်မှုတွေ အပါအဝင် လူအခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်ဆိုတဲ့ သက်သေ အထောက်အထား တွေကို ရရှိထားတယ်လို့ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။

အခု ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကို ရောက်ရှိနေတဲ့ အရင်တုန်းက မြောက်ကိုရီးယား အကျဉ်းစခန်းတွေမှာ အကျဉ်းကျခံခဲ့ရဖူးတဲ့ သူတွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး ကနဦး လေ့လာ တွေ့ရှိချက်တွေ အဖြစ် ကုလသမဂ္ဂက ဖော်ပြထားတာ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးဟာ ဆိုရင် သူမရဲ့ ရင်သွေးငယ်လေးကို အတင်းအဓမ္မ ရေနှစ်သတ်ခိုင်းတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး မွေးဖွားလာ ကတည်းက အကျဉ်းကျခံနေရတဲ့ ကလေးတွေလည်းရှိပြီး သူတို့တတွေဟာ အစာရေစာ ငတ်မွတ်နေရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားကတော့ ဒီအစီရင်ခံစာကို ပယ်ချလိုက်ပြီး၊ ဒါဟာ မြောက်ကိုရီးယားမှာ အစိုးရ အပြောင်းအလဲဖြစ်လာအောင် ရည်ရွယ်ပြီး အသရေဖျက်တဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ပြောလည် ပြောကြားပါတယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်