Wednesday, September 18, 2013

အိမ်အကူအလုပ်သမ ၂ ဦးလွတ်မြောက်ပြီ

Posted by drmyochit Wednesday, September 18, 2013, under | No comments


စက်တင်ဘာ၁၇     မင်းဘခက်

လေးလကြာအိမ်အကူအဖြစ် အခန်း ပိတ်လှောင်ခိုင်းစေခံနေခဲ့ရ သည့်  မြန်မာအလုပ် သမ ၂ဦး ယနေ့တွင် MAT အဖွဲ့၏ ကူညီမှုဖြင့် လွတ်မြောက်လာပြီးဖြစ်ကြောင်းသိရသည်။

ပြန်လည်လွတ်မြောက်လာခဲ့ကြသူများမှာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေဘော်ကုန်းကျေး ရွာမှ အသက် ၁၇ နှစ်အရွယ် မအေးမြသူနှင့် သထုံမြို့နယ် သမ္ပာန်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မစမ်းဝင်း တိုဖြစ်ကြသည်။

ဘန်ကောက်မြို့တွင် အိမ်အကူလုပ်သူ မမြင့်စန်း က ဘန်ကောက်မြို့ ဘန်ဘော်(၅)မှ မုန့်လုပ်ငန်း ပိုင်ရှင် တစ်ဦး အိမ်သို့ တစ်လလျှင် ဘတ်ငွေ ၅,၅၀၀  ရမည်ဟု ဆိုကာ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ မမြင့်စန်း နှင့် မအေးမြသူ ၏ မိခင်တို့မှာ ရင်းနှီးသူများဖြစ်သဖြင့်  အခကြေးငွေ မယူပဲ အလုပ်ရှာပေး ခဲ့ကြခြင်းသာဖြစ်ကြသည်ဟု ဆိုသည်။

မအေးမြသူ က  “သမီးတို့ လုပ်အားခလည်းမရဘူး။ ပြန်သွားမယ်ပြောလည်းပြန်မပို့ဘူး။ ဘယ်နေရာ လည်း မေးတော့လည်း သမီးတို့ကိုမပြောဘူး။ သမီးတို့ ၂ယောက် မနက် ၄နာရီခွဲကတည်းက ထပြီး အလုပ် လုပ်ရတာညနေဆယ်နာရီခွဲမှနားရပါတယ်။သမီးတို့ နောင်တရပါပြီအိမ်အကူအလုပ်ကိုတစ်လုံးမလုပ် တော့
ဘူး။ ကူညီပေးကြတဲ့ ဘဘတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟုပြောသည်။  
           
မေလ၂၇ ရက်နေ့မှ စတင်၍ အလုပ်လုပ်ခဲ့ကြသည့် အလုပ်သမများမှာ ယနေ့နံနက် ၆နာရီ  ၃၀ မိနစ်တွင် ခြံကိုကျော်တက်လျှက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံးသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ ကာယကံရှင်များက ဥပဒေကြောင်းအရ လုပ်အားခများရရှိရန် အမှုဖွင့်တိုင်ကြားလိုမှုမရှိတော့ကြောင်းပြောဆိုကြသည်။

 ယခုကိစ္စအား မအေးမြသူ ၏ မခင်က သြဂုတ်လ ၃၀ ရက်နေ့က လာရောက်အကူညီတောင်းခံခဲ့ထားခြင်း ဖြစ်ကြောင်း MAT အဖွဲ့ ကပြောသည်။

ရွှေလုပ်သား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်