တနင်္ဂနွေနေ့က သတို့သမီး အဘီလင်းဝုဒ်နှင့် သတို့သားဒန်နီရယ်လ်လင်းဝုဒ်တို့၏မင်္ဂလာပွဲ ကျင်းပသည့် ဘက်ကင်ဟမ်ရှိုင်းယားရှိ စတုတ်ခ်ပါ့ခ် ဟိုတယ်တွင် ဟောလီးဝုဒ် ဇာတ်ဆောင် မင်းသားက တည်းခိုနေရာ အဘီတို့ နှစ်ဦးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
အဘီက "ကျွန်မရဲ့ အမျိုးသားက ဘားထဲမှာ ပစ်တ်ရောက်နေတယ်လို့ ပြောတယ်။ ကျွန်မက မယုံဘူး။ သူက ကျွန်မကို ဆွဲခေါ်သွားတော့တာပဲ။ ပထမတော့ ကျွန်မက သူလာနောက်နေတယ် ထင်တာလေ"ဟု ဆိုသည်။ အဘီသည် World War Zစတား မင်းသား၏ အမာခံ ပရိသတ် တစ်ဦးလည်း ဖြစ်သည်။ သူမက ပစ်တ်သည် စိတ်ရှည်လက်ရှည်ပင် သူမတို့နှင့်အတူ ဓာတ်ပုံ အရိုက်ခံပေးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ "သူက ကျွန်မတို့ကို ဂုဏ်ယူတဲ့အကြောင်း ပြောတယ်။ ကျွန်မတို့ နှစ်ယောက်ရဲ့ ခမ်းနားတဲ့ နေ့တစ်နေ့မှာ သူပါဝင်ရလို့ ကျေနပ်တဲ့ အကြောင်းလည်း ပြောပါတယ်။ ပစ်တ်ဟာ တကယ့်လူကောင်းပါ။ သိပ်ကို လူကြီးလူကောင်း ဆန်ပါတယ်"ဟု အဘီက ချီးကျူးခဲ့သည်။ သူမက ဆက်လက်၍ "ပစ်တ်က အလုပ်ကိစ္စ ရှိပုံရတယ်။ နောက်တော့ မိန်းကလေးတွေက သူ့ဆီ ဝုန်းဒိုင်းကြဲပြီး ရောက်လာတော့ သူတို့အဖွဲ့ အပေါ်ထပ် တက်သွားတယ်။ ကြည့်ရတာ တစ်ခုခု ဆွေးနွေးနေပုံ ရပါတယ်။ ကျွန်မရဲ့ မင်္ဂလာဆောင်ကတော့ မမျှော်လင့်ဘဲ အမှတ်ရစရာလေး ပိုဖြစ်သွားတာပေါ့"ဟုလည်း ပြောဆိုသွားခဲ့သည်။
From: Planet Myanmar Network
Time in Rangoon


0 comments:
Post a Comment