Sunday, October 27, 2013

ငွေနှင့်ကျော်ကြားမှုအတွက် သတင်းမှားရေးခဲ့ရသည်ဟုအထိန်းသိမ်းခံ တရုတ်သတင်းထောက်က ၀န်ခံချက်ပေး

Posted by drmyochit Sunday, October 27, 2013, under | No comments


အောက်တိုဘာ ၂၇။

တရုတ်အာဏာပိုင်များ ထိန်းသိမ်းခြင်း ခံနေရသော တရုတ်သတင်းထောက်က အစိုးရမှ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင် ထားသော Zoomlion လုပ်ငန်းစုအပေါ် သူ၏ ဝေဖန်ရေးဆောင်းပါးများသည် ငွေနှင့်ကျော်ကြားမှု အ တွက် မဟုတ်မမှန် လုပ်ကြံ ရေးသားမိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ၀န်ခံစကား ဆိုခဲ့သည်။ ချန်ယန် ကျိုး၏ ဝေဖန်ရေး ဆောင်းပါးများကို ပုံမှန်ဖော်ပြပေးခဲ့သော News Express သတင်းစာက ကနဦးပိုင်း တွင် ချန်ဘက်မှ ရပ်တည်ကာ အာဏာပိုင်များကို တောင်းဆိုမှုများ ပြုလုပ်ပေးခဲ့သော်လည်း ယခုအချိန် တွင် မည်သည့် ထင်မြင်ချက်မှ မပေးဘဲ နှုတ်ပိတ်လျှက် ရှိနေသည်။

အောက်တိုဘာ ၂၆ရက် ယမန်နေ့က စီစီတီဗီတွင် ထွက်ပေါ်လာသည့် ချန်သည် အစိမ်းရောင် အကျဉ်းသား ၀တ်စုံ  ၀တ်ထားပြီး ကင်မရာကို စိုက်ကြည့်ကာ သူပစ်မှတ်ထား တိုက်ခိုက်ခဲ့သော Zoomlion အတွက် နစ်နာမှုများအပေါ် ရိုးဖြောင့်စွာ တောင်းပန်းစကား ဆိုသည်ဟု ပြောကြားခဲ့သည်။ တောင်းပန် စကားတွင် Zoomlion မှ ရှယ်ယာရှင်များကို လည်း ထည့်သွင်း ပြောကြားခဲ့သည်။

ငွေနှင့် ကျော်ကြားမှုကို မက်မောကာ အမှားလုပ်မိကြောင်း၊ စာနယ်ဇင်း ကျင့်ဝတ်ကိုလည်း ချိုးဖောက် မိကြောင်း၊ ယခုအခါ သူ၏ မှားယွင်းသည့် လုပ်ရပ်အတွက် ဆုံးရှုံးများစွာ တန်ပြန် ခံစားနေရကြောင်း ပြောကြား ခဲ့သည်။ ထိုမျှမက ယခု လုပ်ရပ်မျိုးကို ကျူးလွန်မိသည်မှာ မျက်မှောက်ခေတ် ကမ္ဘာ့စာနယ်ဇင်း လောက တွင် သူတစ်ယောက်တည်း မဟုတ်ကြောင်းနှင့် သတင်းလောက တစ်ရပ်လုံးအတွက် သင်ခန်းစာ ယူဖွယ် ဖြစ်ကြောင်း ဆိုခဲ့သည်။

ချန်သည် နိုင်ငံမှ ၂၀ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော Zoomlion လုပ်ငန်းစု၏ ငွေကြေးပြဿနာများနှင့် အမြတ်ငွေလိမ်ညာ ဖော်ပြမှုများကို ရေးသားရာတွင် လာဘ်ထိုးသူထံမှ ရခဲ့သော သတင်းရင်းမြစ် ၁၀% ပေါ် အခြေ ခံ ကာ လုပ်ဇာတ်များ ရေးသားခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနက ဆိုသည်။ ချန်ကို ဖမ်းဆီး လိုက်ပြီးနောက် အောက်တိုဘာ ၂၃ရက်တွင် News Express သတင်းစာ၏ မျက်နှာဖုံးတွင် တို့လူ ကိုပြန် လွှတ်ပေး ဟူသော ခေါင်းစဉ်မျိုးဖြင့် ချန်ဘက်မှ ကာကွယ် တောင်းဆိုခဲ့သည်။ တရုတ်မှ နိုင်ငံပိုင် မ ဟုတ်သော မီဒီယာများကလည်း ချန်ကို ဖမ်းဆီးခဲ့သည့်အပေါ် အကြီးအကျယ် ဝေဖန်ခဲ့ပြီး ရဲသည် အာဏာ ကို အလွဲသုံးစားလုပ်ကြသည်ဟု ပင် ဆိုခဲ့ကြသည်။

Ref: AFP
From: The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်