Sunday, October 27, 2013

နိုင်ငံပိုင်ကုမ္ပဏီသတင်း လုပ်ကြံရေးသားမှု တရုတ်သတင်းထောက် ၀န်ခံ

Posted by drmyochit Sunday, October 27, 2013, under | No comments


တရုတ်နိုင်ငံမှာ အစိုးရပိုင်ကုမ္ပဏီတခုက ငွေကြေး အလွဲသုံးစားလုပ်တယ်ဆိုတဲ့ သတင်းကို လုပ်ကြံ ရေးသားဖော်ပြခဲ့တာဟာ ငွေရလို့ဖြစ်တယ်လို့ တရုတ် စီးပွားရေးသတင်းထောက်က ပြောခဲ့ပါတယ်။

ဂွမ်ဂျိုးမြို့အခြေစိုက် New Express သတင်းစာတိုက်က သတင်းထောက် ချန်ယန်ဂျို့ကို လုပ်ငန်းရဲ့ နာမည် ပျက်စေမှု နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖမ်းဆီး ခဲ့ပါတယ်။ Zoomlion ဆောက်လုပ်ရေး ပစ္စည်း ကုမ္ပဏီ က အမြတ်ပိုရအောင် လုပ်နေတယ်ဆိုတဲ့ သတင်းဆောင်းပါးတွေကို ချန်ယန်ဂျို့က ဆက်တိုက် ရေးသားခဲ့ တာပါ၊ အဲဒီကုမ္ပဏီကို ယူနန်ပြည်နယ်အစိုးရက ၆ ပုံ ၁ ပုံ ပိုင်ဆိုင်ပါတယ်။

စနေနေ့ကတော့ တရုတ်အစိုးရပိုင် CCTV ပေါ်မှာ ချန်က ဒီလိုရေးသားခဲ့တာဟာ လောဘကြောင့်ဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဖမ်းခံထားရတဲ့ သတင်းထောက် ချန်က သူ့အမှုအတွက် တရားရုံး မထုတ်ခင် ခုလို ရုပ်မြင်သံကြားပေါ် မှာ ဝန်ခံထွက်ဆိုခဲ့တဲ့အပေါ် တရားရေးရာကျွမ်းကျင်သူတချို့ကတော့ စိုးရိမ်စရာဖြစ်တယ်လို့ ပြောနေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်