Sunday, October 27, 2013

အိမ်ထောင်ပြုဖို့အတွက် အချစ်က (၈၀) ရာခိုင်နှုန်း အရေးကြီးတယ် ဆိုတဲ့ ၀ါဆိုမိုးဦး

Posted by drmyochit Sunday, October 27, 2013, under | No comments


ဒီတစ်ပတ် ချစ်ခြင်းတရားနဲ့ ပတ်သက်ပြီး စကားပြောဖို့ ရည်ရွယ်ထားသူက အောင်မြင်တဲ့ မင်းသမီး တစ်ဦး နေရာကို ရောက်နေပြီ ဖြစ်တဲ့ ၀ါဆိုမိုးဦး ပဲဖြစ်ပါတယ်။ ချစ်ခြင်းတရားနဲ့ ပတ်သက်လို့ ၀ါဆိုမိုးဦးဆီမှာ ဘယ်လို ခံစားချက်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့လည်း စီးမျောလိုက်ပါ ထိတွေ့ကြည့်လိုက်ရအောင်လား.....................

မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုကို ခံစားဖူးတယ်

မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုး ၀ါဆိုခံစားဖူးတယ်။ ငယ်ငယ်တုန်းက တွေ့ပြီးတော့ သဘောကျသွားတယ်။ မြင်မြင်ချင်း ချစ်တယ်ဆိုတာ တကယ်ရှိတယ်။ အဲဒီတုန်းကတော့ ကိုယ်က မိန်းကလေးဆိုတော့ သူ့ကို ဘာပြောရမှာလဲ။ ကိုယ့်ဘာသာကိုယ်ကြိတ်ပြီး သဘောကျနေတာမျိုးပေါ့နော်။ ငယ်ငယ်တုန်းကတော့ စိတ်ကစားတဲ့အရွယ်ဆိုတော့ အဲဒီလို စိတ်မျိုး ဖြစ်တယ်။

အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘယ်တော့မှ တည်မြဲမှာ မဟုတ်ဘူး

အိမ်ထောင်မှု တည်ထောင်ဖို့ဆိုတာ အရမ်းခက်ခဲတယ်။ အချစ်ရေးကို သေချာခိုင်မာစွာ ဆောက်တည်ပြီးမှ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ရျိပြီးတော့ ခိုင်မာတဲ့အချစ် တစ်ခုဖြစ်မှ ကိုယ့်ဘ၀အတွက် အိမ်ထောင် တစ်ခုကို တည်ထောင် သင့်တယ်လို့ ၀ါဆိုက ထင်တယ်။ ၀ါ့ဆိုအထင် အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘယ်တော့မှ တည်မြဲမှာ မဟုတ်ဘူး။

ကိုယ့်အပေါ်နားလည်တဲ့သူမျိုးကိုပဲ အိမ်ထောင်ဘက် အဖြစ်ရွေးမယ်

သူ့အပေါ်မှာလည်း ကိုယ်နားလည်ရမယ်။ ကိုယ့်အပေါ်လည်း သူနားလည်ရမယ်။ ကိုယ်နဲ့သူ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိပြီးတော့ ချစ်နေတဲ့ သူမျိုးက ၀ါဆို အိမ်ထောင်ဘက်ပဲ ဖြစ်မှာပါ။ နောက်ပြီး ၀ါဆို့အိမ်ထောင်ဘက်က ယောင်္ကျားကောင်း တစ်ယောက်ဖြစ်ရမယ်။ ကိုယ့်ရဲ့ရှေ့မှာ မားမားမက်မက်ရပ်တည်ပြီးတော့ အခက်အခဲတွေကို ရင်ဆိုင်နိုင်မယ့် လူတစ်ယောက် ဖြစ်ရမယ်။ အဲဒီလို ယောင်္ကျားကောင်းတစ်ယောက်ကိုပဲ ၀ါဆို့အိမ်ထောင်ဘက် အဖြစ် ရွေးချယ်ဖြစ်မှာပါ။

အိမ်ထောင်ပြုဖို့အတွက် အချစ်က (၈၀) ရာခိုင်နှုန်း အရေးကြီးတယ်

အိမ်ထောင်ပြုခြင်းနဲ့ အချစ်က ဘယ်လောက် ရာခိုင်နှုန်းလောက်ထိ အချိုးကျတယ် ထင်လဲဆိုရင် အခုပြောနေသလို အချစ်မရှိဘဲ အိမ်ထောင်တစ်ခုက ခိုင်မြဲမှာ မဟုတ်ဘူး။ အချစ်ရှိနေတဲ့ လူတွေတောင် တစ်ခါတစ်လေ နားလည်မှုတွေလွဲပြီးတော့ ကွဲသွားတဲ့ အိမ်ထောင်ရေးတွေ အများကြီးရှိတယ်။ အဓိက က အိမ်ထောင်တစ်ခု တည်ဆောက်ဖို့အတွက် အချစ်က (၈၀) ရာခိုင်နှုန်းလောက်အထိ အရမ်းအရေးကြီးတယ်။

အခုချိန်မှာလည်း အချစ်ရေးကို မစဉ်းစားသေးဘူး

ဝါဆို့အတွက် အချစ်က ပူလောင်တယ်။ လောလောဆယ်တော့ မချစ်သင့်သေးဘူး။ ၀ါဆိုက ချစ်တက်တဲ့ လူစားထဲမှာ ပါတဲ့အတွက် အခုချိန်လည်း အချစ်ရေးကို မစဉ်းစားသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်ကလည်း ငယ်ပါသေးတယ်။ ၀ါဆို့အသက် နည်းနည်းကြီးတဲ့အချိန်မှပဲ အချစ်ရေးကို စဉ်းစားမှာပါ။

ဝါဆို့အနေနဲ့ အချစ်ကို ယုံကြည်လက်ခံထားတာက

အချစ်ကို လက်ခံထားတာက ခုနပြောသလိုပဲ အချစ်က ပူလောင်တယ်။ ဒီခေတ်မှာ အချစ်စစ်၊ အချစ်မှန်ဆိုတာ အရမ်းလက်ခဲပါတယ်။ မရှိတော့ဘူးလို့ ၀ါဆိုထင်တယ်။ အဲဒီအတွက်ကြောင့် ပြောချင်တာက တစ်ယောက်အပေါ်တစ်ယောက် ကြင်ကြင်နာနာနဲ့ချစ်ကြပါလို့။ သစ္စာရှိပြီး နားလည်မှုတွေလည်း ထားကြပါလို့ ပြောချင်ပါတယ်။

Friday(Malay)
From: Myanmar Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်