Sunday, October 27, 2013

လှိုင်သာယာမြို့နယ်တွင် ဘွိုင်လာအပူချိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်

Posted by drmyochit Sunday, October 27, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၂၇

၂၇.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၇)၊ ဆိပ်ကမ်းသာလမ်းနှင့် ကုန်းဘောင် လမ်းထောင့် ရှိ ရွှေနဂါးကုမ္ပဏီ စားကောင်းကိတ်မုန့်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် အဖွဲ့ တို့မှ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးသတ်ယာဉ် (၂၀)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၇၂၅အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ မုန့်လုပ်ရာတွင်အသုံးပြုသည့် ဘွိုင်လာအိုး အပူချိန် လွန်ကဲပြီး ဆီများလျှံ ကျကာ မီးလောင်ခြင်းဖြစ်ကြောင်း၊ စက်ရုံအတွင်းရှိဆီပေပါ (၂)လုံးနှင့် မော်တာ (၂)လုံးတို့အား
မီးစွဲလောင်ကျွမ်းခဲ့ကာ တန်းဘိုးငွေကျပ်(၄၀၀၀၀၀)ခန့်ဆုံးရှုံးသွားခဲ့ပြီး မီးကိုပေါ့ဆစွာအသုံးပြုသူ ဘွိုင်လာတာဝန်ခံ မင်းအောင်(ဘ)ဦးထူးအယ်၊ (၁၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူအား လှိုင်သာယာမြို့မရဲစခန်း(ပ)၁၂၄၁/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်