Sunday, October 27, 2013

ပေါင်သန်း၄၀နှင့် ဈေးဖွင့်မည့် ပန်းနုရောင်ကြယ်ပွင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကျောက်မျက်ဖြစ်လာ

Posted by drmyochit Sunday, October 27, 2013, under | No comments



အောက်တိုဘာ ၂၆။

လာမည့်လတွင် ရှေ့လတွင်း ဂျနီဗာမှ ကျောက်မျက် လေလံပွဲတွင် ပေါင်သန်း၄၀နှင့် ဈေးစတင်ဖွင့်မည့် ပန်းနုရောင်ကြယ် ပွင့် အမည်ရှိ စိန်ပွင့်သည် ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကျောက်မျက် ဖြစ်လာခဲ့သည်။

ပန်းနုရောင်ကြယ်ပွင့် မထွက်ပေါ်လာမီ ၂၀၁၀ခုနှစ်က ကမ္ဘာ့တန်ဖိုး အကြီးအဆုံး Graff Pink စိန်ပွင့်မှာ ပေါင်၂၉သန်းသာ ရှိခဲသည်။ ယခု ၅၆ ဒဿမ ၆၀ ကာရက် ရှိစိန်ပွင့် အရွယ်လည်းကြီး၊ အရောင်းလည်း တောက်ပကာ အနာအဆာ ကင်းစင်ပြီး တန်ဖိုးအများဆုံး ကျောက်မျက်ဖြစ်သည်။

ပန်းနုရောင်ကြယ်ပွင့်ကို ၁၉၉၉ခုနှစ်က တောင်အာဖရီကမှ နာမည်ကျော် စိန်တူဖော်ရေးလုပ်ငန်း De Beers မှ ရှာဖွေတွေ့ရှိခဲ့သည်။ စိန်ပွင့်ကို အချောသတ် ဖြတ်တောက် ပုံဖော်သည့်ကာလ နှစ်နှစ်ကျော်ကျော် ကြာခဲ့သည်။

Ref: AP
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်