Wednesday, August 21, 2013

မြန်မာအပါအဝင် ပြည်ပနိုင်ငံသုံးနိုင်ငံ၌ Telenor က ဝန်ထမ်းစတင်ခေါ်ယူ

Posted by drmyochit Wednesday, August 21, 2013, under | No comments


မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာတစ်ခုအဖြစ် ရွေးချယ်ခံထားရသည့် Telenor Group သည် မြန်မာ၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ မြန်မာလူမျိုး ဝန်ထမ်း ၂၅ ဦးကို ပထမအဆင့်အနေဖြင့် စတင်ခေါ်ယူနေပြီဖြစ်သည်ဟု ထုတ်ပြန်ကြေညာသည်။

ဒေသတွင်း၌ အလုပ်အကိုင်နှင့် အခွင့်အလမ်းပေါ်ပေါက်လာရန် ပြည်ပမှဝင်ရောက်လာသည့် ဆက်သွယ် ရေးအော် ပရေတာနှစ်ခုသည် မြန်မာနိုင်ငံသားများကို အဓိကထား၍ ဝန်ထမ်းခန့်အပ်သွားမည်ဟု ကတိပြုထားပြီးဖြစ်သည်။ Telenor Group သည် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဝန်ထမ်းအင်အား ၃ ထောင်ခန့်ခေါ်ယူရန် မျှော်မှန်းထားကြောင်း၊ ဝန်ထမ်း ၁ ထောင်မှာ Telenor ၏ ဝန်ထမ်းများဖြစ်ပြီး ကျန်ရှိသော ဝန်ထမ်း ၂ ထောင်မှာ ၎င်းနှင့်ပူးပေါင်းလုပ်ကိုင်မည့် Vendor များ၏ ဝန်ထမ်းများသာဖြစ်ကြောင်းသိရသည်။

Telenor ၏ ပထမအဆင့် ဝန်ထမ်း ၂၅ ယောက်ခေါ်ဆိုခြင်းကို စက်တင်ဘာလကုန်အထိ သတ်မှတ်ထားပြီး ခေါ်ယူလိုသည့် ဝန်ထမ်းအမျိုးအစားမှာ လုပ်ငန်းလည်ပတ်နိုင်မည့် နည်းဗျူဟာနှင့် စီမံခန့်ခွဲမှုကို ကျွမ်းကျင်သည့် ဝန်ထမ်းများဖြစ်ကြောင်း၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလများ၌ ခေါ်ယူမည့်ဝန်ထမ်းများမှာ ဆက်သွယ်ရေးနည်းပညာ ကျွမ်းကျင်သူများဖြစ်ကြောင်း Telenor Group မှ တာဝန်ရှိသူက ဆိုသည်။

ကမ္ဘာပေါ်၌ ဝန်ထမ်းဦးရေ ၃သောင်းခန့်ဖြင့် လည်ပတ်လုပ်ကိုင်နေသည့် Telenor သည် ၎င်း၏ ၁၃ ခုမြောက် ဈေးကွက်ဖြစ်သည့် မြန်မာနိုင်ငံ၌ ဝန်ထမ်းများခေါ်ယူရာတွင် အိမ်နီးချင်းနိုင်ငံများအထိပါ ကြော်ငြာ ထည့်သွင်း၍ ခေါ်ယူခဲ့ကြောင်း၊ ပြည်တွင်းမှ မြန်မာ ဝန်ထမ်းများအပြင် ပြည်ပမှ မြန်မာဝန်ထမ်း များကို ပါ ခေါ်ယူထားသည့်အတွက် လစာနှုန်းထားမှာ နည်းသည် ဟူသော အသံထွက်ပေါ် လာမည် မဟုတ်ကြောင်း Telenor Group မှ Ms. kaewsringarmက ပြောသည်။

လက်ရှိခေါ်ယူသည့် ဝန်ထမ်းများကို လုပ်ငန်းစတင်သည့်အခါလည်ပတ်မှုပြုလုပ်နိုင်ရန် သင်တန်းပို့ချ၍ ခန့်အပ်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်အစောပိုင်း၌ Telenor အတွက်လိုအပ်သော အရောင်းဝန်ထမ်းများ၊ Center ဝန်ထမ်းများ၊ ဈေးကွက်ရှာဖွေရေးဝန်ထမ်းကို ထပ်မံခန့်အပ်သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံ၌ ရုံးခန်းဖွင့်လှစ်ရသေးခြင်းမရှိသည့် Telenor အနေဖြင့် ဝန်ထမ်းခေါ်ယူခြင်းကို ၎င်း၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ပြုလုပ်သွားမည် ဖြစ်သည်။

မြင့်ကျော်လှိုင်၊ သူရ
အတွဲ (၁၄)၊ အမှတ် (၃၂)
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်