Wednesday, August 21, 2013

စိုက်ခင်းသွားတောင်သူတဦး ဓါးပြတိုက် သတ်ဖြတ်ခံရ

Posted by drmyochit Wednesday, August 21, 2013, under | No comments



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ငရုပ် စိုက်ခင်း သွားသည့် ဒေသခံ ရွာသူ တဦး အမည်မသိအဖွဲ့တဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း စုံစမ်းသိရှိရသည်။

ယခုလ ၁၇ ရက် ညနေ ၆ က တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် တဘက် (တမ်ဖတ်ခ်) အုပ်စုအတွင်းရှိ နောင်ခုံး ရွာသူ ဒေါ်နန်းဖဲ (အသက် ၄၃) နှစ်အား မျက်နှာဖုံးစွပ်ထားသည့် လူဆိုး ၂ ယောက်က သတ်ဖြတ် လိုက်ခြင်းဖြစ် သည်ဟု ဆီဆိုင်ဒေသခံ ဦးခမ်းက ပြောပါသည်။

“ပါ့နန်းဖဲက ဝမ့်နောင်ခမ်းရွာမြောက်ဘက်မှာရှိတဲ့ သူ့ခြံ ကိုအသွား လမ်းမှာ M 16 ကိုယ်စီကိုင်ထားတဲ့ လူဆိုး ၂ ယောက်က ကတားပြီး ဓါးပြတိုက်တာ။ သူ့အော်သံကို အဲဒီနားမှာ ခြံလုပ်နေတဲ့ အိုက်တူးက ကြားပြီး ကူဖို့ပြေးသွားတာ လူဆိုး ၂ ယောက်က သေနတ်ချိန်ပြီး “ ဟေ့ကောင် မင်းမိုက် ရင်ရှေ့ဆက် တိုးလိုက်” လို့ ဗမာလိုပြောတယ်။ အိုက်တူးလဲ နောင်ခုံးရွာကိုအမြန်ပြန်လာပြီး ရွာသား တွေ ကိုပြောတော့ ရွာသားတွေ ည ၁၁ နာရီကျော်အထိ လိုက်ရှာတာ လူဆိုးရော ပါ့နန်းဖဲကိုရော မတွေ့ရတော့ ဘူး” ဟု ဦးခမ်းက ပြောပါသည်။

၁၈ ရက်နေ့နံနက်ပိုင်း ရွာသားများက ထပ်မံလိုက်ရှာရာ နောင်ခုံးရွာ မြောက်ဘက် တောစပ်တွင် ပါ့နန်းဖဲ၏ အလောင်း ကို တွေ့ရကြောင်း ၊ နဖူးနှင့် ငယ်ထိပ်၌ ပွင့်ထွက်သည့်ဒဏ်ရာကြောင့် သေနတ်ဖြင့် ပစ်သတ် သည်ဟု ထင်ရကြောင်း၊ သေသူ၏ နားကပ်ကိုလည်း လူဆိုးများ ဖြုတ်ယူ သွားကြောင်း အမျိုးတော် စပ်သူတဦး ကလည်း အတည်ပြုပြောဆိုပါသည်။

ယခုအခါ လူသတ်တရားခံ လူဆိုးများအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်များက လိုက်လံ ရှာဖွေနေကြောင်းလည်း ဦးခမ်းကပြောပါသည်။

From: သျှမ်းသံတော်ဆင့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်