Sunday, September 30, 2012

ခုံးကျော် တံတား ၄ စင်း တည်ဆောက်ရာတွင် ဘီလီယံ ၅၀ နီးပါး ကုန်ကျမည်

Posted by drmyochit Sunday, September 30, 2012, under | No comments

From : MRTV4

ရန်ကုန်မြို့တွင်း အဓိက အချက်အချာကျပြီး ယာဉ်ကြော ကြပ်တည်းမှုများ ဖြစ်ပေါ်လေ့ ရှိတဲ့ နေရာများမှာ ခုံးကျော် တံတားများ တည်ဆောက် လျက်ရှိပါတယ်။ ဒီလို တည်ဆောက်မှု အတွက် ငွေကျပ် ဘီလီယံ ၅၀ နီးပါး ကုန်ကျမှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်တဲ့ ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှ သိရပါတယ်။ အဆိုပါ ငွေကျပ် ဘီလီယံ ၅၀ နီးပါးကို အကုန်အကျခံပြီး ရန်ကုန်မြို့ရဲ့ အဓိက ယာဉ်သွား လာမှု ပိုမို များပြားတဲ့ နေရာ ၃ နေရာမှာ တံတား ၄ စင်း တည်ဆောက်ဖို့ အတွက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တံတား ၄ စင်းကတော့ ကမာရွတ် မြို့နယ်မှာ ခုံးကျော် တံတား တစ်စင်း၊ ရွှေဂုံတိုင်မှာ ခုံးကျော်တံတား တစ်စင်းနဲ့ ဘုရင့်နောင်မှာ ခုံးကျော် တံတား ၂ စင်းတို့ပဲ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဘုရင့်နောင်မှ ခုံးကျော် တံတား ၂ စင်း တည်ဆောက်ဖို့ အတွက် လမ်းများ ရှင်းခြင်းနဲ့ လမ်းများ ချဲ့ထွင်ခြင်း အစရှိတာတွေကို ပြုလုပ်လျက် ရှိပါတယ်။ ဒါ့အပြင် လက်ရှိ ဆောက်လုပ် ဆောင်ရွက် လျက်ရှိတဲ့ လှည်းတန်း ခုံးကျော် တံတား ကိုလည်း လာမယ့် ဘဏ္ဍာနှစ်မှာ အပြီးသတ် ဆောက်လုပ်မှုများ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်