Tuesday, April 30, 2013

ကလိန်ကကျစ် မဒိန်းကောင်နတ်သား ရုံးတင်စစ်ဆေးပြီး တရားရုံးက သေဒဏ်ပေးလိုက်ပြီ..

Posted by drmyochit Tuesday, April 30, 2013, under | 4 comments


မြင့်မြင့်အေး(ခေါ်) သဲသဲသော်
face book ပေါ်မှာ
(fb account- Sky Queen)ဆိုတဲ့ အမည်လေးနဲ့
အမေပျောက် ရှာနေတဲ့ မိန်းကလေးကို
မတရား အကျင့် ပစ္စည်းယူ လူပါ သတ်ပြစ် လိုက်တဲ့
ကလိန် ကကျစ် မဒိန်းကောင်
(fb account- နတ်သား) ဆိုတဲ့ ခွေးသားကို
ထိုင်း ရဲတွေက ၂ပတ် အတွင်း ဖမ်းဆီးနိုင် ခဲ့ပြီး
ရုံး တင် စစ်ဆေး တရား ရုံးက သေဒဏ် ပေးလိုက်ပြီ.......။

fb ပေါ်မှာအမေလိုက်ရှာနေတဲ့ မိန်းကလေး
အမေနဲ့ မတွေ့ပဲ ငပွေနဲ့တွေ့ လို့
ဘဝပျက် အသက် ဆုံးရတဲ့ ရင်နင် ဘွယ်ဖြစ်ရပ်လေးပါ......။

ဒီ- စိတ်မကောင်းစရာဖြစ်ရပ်လေးမှာ
သဲသဲသော် (Sky Queen)က ဘဝတစ်ခု အသက် တစ်ချောင်း ရင်းပြီး
သင် ခန်း စာတွေ အသိတွေ ပေးသွားခဲ့ပါပြီ.............။

face book ပေါ်မှာ
ကိုယ့်ပုံ ကိုယ်တင် ကြော် ညာရှင် မိန်း ကလေးတွေ
အွန် လိုင်းပေါ် တက် တစ်ချက်ချက်လုပ်နေတဲ့ မိန်းကလေးတွေ
ဒီလို လူမ ဆန်တဲ့ မဒိန်းကောင် အတ္တကောင် ငရှုပ် ငပွေ တွေကို
လက် ယပ်ခေါ်နေ မိပြီ ဆို တာကို သတိထား ဆင်ခြင် သင့်ပါတယ်.....။

တစ်ဆက် တည်းမှာပဲ ဒီဖြစ်ရပ် ကလေး ကနေ
ကျွန်တော် တို့ နိုင်ငံရဲ့ good goverment clean goverment ကြီးတွေလည်း
နမူ နာ ယူ စရာ (ရှက်တတ်ရင် ရှက်စရာ) ဖြစ်ရပ်တစ်ခုအဖြစ် လက္ခံရမှာပါ
အထင် ကရ အနေနဲ့.......
အတော် လေးကြာ နေပြီဖြစ်တဲ့ ငါးလောင်းပြိုင် လူသတ်မှု (ယ္ခုထိ အမှု မပေါ်သေး)
လောလောလတ်လတ် ပြည်မြို့က လူသတ်မှု (မည်သို့ စီရင်ချက်ချမည်မသိသေး)
ဖိုးလပြည့်ရဲ့ ယာဉ်ထိန်းရဲကို ထိုးကြိတ်ပါးရိုက်မှု (မည်သို့အရေးယူမည်မသိသေး)
မြေနိမ့်ရာလှံစိုက် မျက်နှာကြီးရာဟင်းဖတ်ပါတဲ့ လုပ်ရပ်တွေကို
ရှေ့မျက်နှာနောက်ထား ဆင်ချင်လို့ ပြင်ဆင်သင့်သလားလို့ပါ.........။

From: (နဂါးမာန်)

4 comments:

မှန်တယ် မေးထားတာတွေမှန်တယ် ထောက်ခံတယ်

မြန်မာပြည်မှာ မုဒိန်းမှုများ တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ များများလာသည်ကို တွေ့ရှိ ရပါသည်။ အရွယ်မရောက် ကလေးငယ်များလဲ ပါဝင်သလို၊ အဖေမှသမီး၊ သားမှ အမေ အထိ ပါဝင်လာသည်ကိုလည်း ကြားသိနေရပါသည်။ ယင်းကဲ့သို့ ပို၍များလာခြင်းမှာ အစိုးရ၏ ကိုင်တွယ်မှု ညံ့ဖျင်းမှုကြောင့် ဖြစ်ရသည်မှာ သိသာထင်ရှားလှပါသည်။ ယင်းအမှုများအတွက် အလွန်ပြင်းထန်သည့် ပြစ်ဒါဏ်များချမှတ်သင့်ပါသည်။

သတိမမူဂူမမြင်၊ သတိမူမှ ဂူမြင်မည်။

သတိမမူဂူမမြင်၊ သတိမူမှ ဂူမြင်မည်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်