Tuesday, July 24, 2012

တရုတ်နိုင်ငံသည် ရေလွှမ်းမိုးမှုအားတိုက်ဖျက်ရန် အမေရိကန်ဒေါ်လာ ၁၉ သန်း ခွဲဝေသတ်မှတ်ပေးခဲ့ခြင်း

Posted by drmyochit Tuesday, July 24, 2012, under | No comments



          တရုတ်နိုင်ငံ ပေကျင်း၊ တီယန်ကျင်းမြို့များနှင့် ဟေပေးပြည်နယ်တို့တွင် ဖြစ်ပွား လျက်ရှိသော ရေလွှမ်းမိုးမှုများအားတိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ယွမ် ၁၂ဝ သန်း(အမေရိကန်ဒေါ်လာ ၁၉ သန်း)ခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၂ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနတို့က ခွဲဝေပေးခဲ့သည့်အဆိုပါငွေများအား ပေကျင်း၊ တီယန်ကျင်းမြို့တို့နှင့် ဟေပေးပြည်နယ်တို့တွင် ရေလွှမ်းမိုးမှုကြောင့်ပျက်စီးခဲ့သည့် ရေထိန်း နံရံအားပြန်လည်ပြင်ဆင်ရန်နှင့် အဆိုပါဒေသများတွင် ရေလွှမ်းမိုးမှုကိုထိန်းချုပ်ရေး အထောက်အကူပေးရန်တို့အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

ဇူလိုင်လ ၂၁ ရက်နေ့က မိုးသက်မုန်တိုင်းတစ်ရပ်ကျရောက်ပြီးနောက် လူ ၁ဝ ဦးခန့်သေဆုံးခဲ့ပြီး ၅ဝ,ဝဝဝ ကျော်ကိုရွှေ့ပြောင်းပေးခဲ့ရကြောင်းနှင့် ၄င်းမိုးသက်မုန်တိုင်းသည် ၆၁ နှစ်တာ ကာလအတွင်း အပြင်းအထန်ဆုံးဖြစ်ကြောင်း မြို့တော်ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဌာနချုပ်က ပြောကြားခဲ့ပါသည်။ ဟေပေးပြည်နယ်တွင် ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူ ၇ဝ,ဝဝဝ ကျော်အားရွှေ့ပြောင်းပေးခဲ့ရကြောင်း ရေလွှမ်းမိုးမှုထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှုကယ်ဆယ်ရေးဌာနချုပ်ကပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်