Tuesday, July 24, 2012

တောင်ကိုရီးယားနယ်စပ်အနီးသို့ မြောက်ကိုရီးယားက တိုက်ခိုက်ရေးရဟတ်ယာဉ်များ တပ်ဖြန့်စေလွှတ်ထားခြင်း

Posted by drmyochit Tuesday, July 24, 2012, under | No comments


CNA.com;July-24(Tue)

          ကိုရီးယားနှစ်နိုင်ငံအကြား နယ်စပ်ဒေသ၌စစ်ရေးအင်အားတိုးမြှင့်လျက်ရှိစဉ် မြောက်ကိုရီးယားနိုင်ငံ သည် အငြင်းပွားမှုဖြစ်ပေါ်နေသော ရေပြင်နယ်နိမိတ်အနီးသို့ တိုက်ခိုက်ရေးရဟတ်ယာဉ်ဒါဇင်ပေါင်းများစွာအား  မကြာသေးမီက တပ်ဖြန့်ချထားကြောင်း ဇူလိုင်လ ၂၄ ရက်နေ့သတင်းဖော်ပြချက်များတွင် တွေ့ရှိရပါသည်။ အမည်မဖော်လိုသူ တောင်ကိုရီးယားအရာရှိများ၏ပြောကြားချက်အရ မြောက်ကိုရီးယားနိုင်ငံသည် ပင်လယ်ဝါ အနီးTaetan နှင့်  Nuchon  လေတပ်စခန်းများတွင် ရဟတ်ယာဉ် ၅ဝ စီးခန့် တပ်ဖြန့်ချထားကြောင်း သိရှိရပါသည်။ ၎င်းရဟတ်ယာဉ်များမှာ လွန်ခဲ့သောဆယ်စုနှစ်များက ဆိုဗီယက်ယူနီယံမှတင်သွင်းသည့Mi-2 ၊  Mi-4နှင့်  Mi-8 ရဟတ်ယာဉ်များအား အဆင့်မြှင့်တင်ထားခြင်းဖြစ်ပါသည်။ 

          ၎င်းရဟတ်ယာဉ်များအား မြေပြင်တိုက်ခိုက်ရေးနှင့် မြန်နှုန်းမြှင့်ရွေ့လျားတပ်ဖွဲ့များ စစ်ရေးလေ့ကျင့် ရာတွင် အသုံးပြုလျက်ရှိကြောင်း  ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ¤င်းတိုက်ခိုက်ရေးရဟတ်ယာဉ်များ သည် တောင်ကိုရီးယား၏ Baengnyeong ကျွန်းသို့ ၂ မိနစ်၊ သို့မဟုတ် ၃ မိနစ်အတွင်းရောက်ရှိနိုင်ကြောင်း  Chosun Ilbo သတင်းစာက ဖော်ပြခဲ့ပါသည်။ သို့သော် ¤င်းသတင်းနှင့်ပတ်သက်၍ တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။ ၎င်းနယ်စပ်ဒေသသည် ၁၉၉၉၊ ၂ဝဝ၂နှင့် ၂ဝဝ၉ ခုနှစ်များတွင် ရေတပ်ပဋိပက္ခများဖြစ်ပေါ်ခဲ့ရာဒေသဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယား၏ အမြောက်ပစ်ခတ်မှုကြောင့် တောင်ကိုရီးယားနိုင်ငံသား ၄ ဦးသေဆုံးခဲ့ပါသည်။ ¤င်းအချိန်မှစ၍ တောင်ကိုရီးယား နိုင်ငံသည် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆိုကြိုတင်ဟန့်တားနိုင်ရန် နယ်စပ်ဒေသကျွန်းများ၌ လူ၊ လက်နက် အင်အားတောင့်တင်းအောင် ဆောင်ရွက်မှုပြုလုပ်ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်