Tuesday, July 24, 2012

တူရကီနိုင်ငံသည် ဆီးရီးယားနယ်စပ်တွင် ဒုံးပျံများတပ်ဖြန့်ချထားခဲ့ခြင်း

Posted by drmyochit Tuesday, July 24, 2012, under | No comments



          တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံနှင့် နယ်စပ်ဒေသတစ်လျှောက်တွင် ၄င်း၏တိုက်စွမ်းအားကိုမြှင့်တင် သည့်အနေဖြင့် မြေပြင်မှဝေဟင်ပစ်ဒုံးပျံစနစ်များနှင့် သံချပ်ကာလူသယ်ယာဉ်များကို ဇူလိုင်လ ၂၂ ရက်နေ့က တပ်ဖြန့်ချထားခဲ့ကြောင်း Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ ဒုံးပျံစနစ်များသယ်ဆောင်လာသော ယာဉ်တန်းတစ်ခုသည် တူရကီနိုင်ငံအရှေ့တောင်ပိုင်းရှိMardin မြို့သို့ရောက်ရှိလာခဲ့ကြောင်းနှင့် အဆိုပါ ယာဉ်တန်းတွင် လေကြောင်းရန်ကာကွယ်ရေးဒုံးပျံစနစ်တင်ယာဉ် ၅ စီးခန့်ပါဝင်ကြောင်းသိရှိရပါသည်။ 

ဆီးရီးယား တပ်ဖွဲ့ဝင်များက တူရကီဂျက်တိုက်လေယာဉ်တစ်စင်းအား  နှစ်နိုင်ငံနယ်စပ်တွင် ဇွန်လအတွင်းပစ်ချခဲ့ချိန်မှစ၍ တူရကီနှင့် ဆီးရီးယားနိုင်ငံတို့အကြားဆက်ဆံရေးများတင်းမာမှုစတင်ခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံသည် ၄င်း၏နယ်စပ်ဒေသတစ်လျှောက်တွင် ဆီးရီးယားနိုင်ငံမှ လုံခြုံရေးခြိမ်းခြောက်မှုများကို ထပ်မံသည်းခံသွားမည် မဟုတ်ကြောင်း အစောပိုင်းကထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်