Tuesday, July 24, 2012

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ နှစ်ကုန်ပိုင်း ထွက်မည်

Posted by drmyochit Tuesday, July 24, 2012, under | No comments


သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန် ရှိသူများနှင့် ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ လေးခုတို့က ရေးဆွဲနေပြီး ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်း တွင် ထွက်လာမည် ဖြစ်ကြောင်း ဥပဒေ ရေးဆွဲရာတွင် ပါဝင်သူများက မဇ္ဈိမကို ပြောသည်။

ထိုနည်းဥပဒေ ရေးဆွဲရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးနှင့် သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA)၊ မြန်မာနိုင်ငံ ပြည်လည် ပြည့်မြဲ စွမ်းအင် အသင်း (REAM)၊ ဂေဟစနစ် ထိမ်းသမ်းရေးနှင့် ကျေးလက် ဖွံဖြိုးရေးအသင် နှင့် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း (BANCA) အဖွဲ့တို့ ပါဝင်ရေးဆွဲနေပြီး စက်တင်္ဘာ လကုန်တွင် အပြီးသတ်နိုင်ရန် ဆောင်ရွက်
နေကြောင်း မှ REAM ဥက္ကဋ္ဌ ဦးအောင်မြင့် က ပြောသည်။

“ဇူလိုင်လ ၁၃ ရက်နေ့က စပြီး ကျနော်တို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေအတွက် စတင်ဆွေးနွေး
နေပါပြီ။ ဒီဇူလိုင်လ ၂၇ ရက်နေ့မှာ ဥပဒေ စတင် ရေးဆွဲမှာ ဖြစ်တယ်” ဟု ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး သုံးလအကြာ ဇူလိုင်လလယ် တွင် စတင်ပြီး နည်းဥပဒေ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ ဥပဒေရေးဆွဲရာတွင် ပုဒ်မခွဲအလိုက်၊ အကြံပြုချက်အလိုက် ရေးဆွဲပြီး စက်တင်္ဘာ လကုန်ပိုင်းတွင် ဥပဒေ အတည်ပြုရေးအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ကာ နိုဝင်ဘာလကုန်ပိုင်းတွင် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း ဦးအောင်မြင့် က ပြောသည်။

“သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ ရေးဆွဲတာက အရမ်းရှုတ်ထွေးတဲ့အပြင် လုပ်ဆောင်ရမယ့် အချက် အလက်တွေကလည်း အရမ်း များပြားတယ်။ လက်ရှိမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်းက လုပ်ငန်းတွေကလည်း တိုးချဲ့လာတော့မယ်။ အဲ့သည့်အတွက် နည်းဥပဒေတွေ လိုအပ်တယ်။ ဒါကြောင့် အမြန်ဆုံး ပြဋ္ဌာန်းမှာ ဖြစ်ပြီး နောက်မှ လိုအပ်တာတွေကို ပြန်ပြင်ရမယ်။ ထပ်ထည့်ရမယ်” ဟု ပြောသည်။

သစ်တော ထိန်းသိမ်းမှုနှင့် သက်ဆိုင်သည့် အချက်များကို အဆိုပါ နည်းဥပဒေတွင် ထည့်သွင်းတင်ပြသွားမည်ဟု FREDA မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်း က ပြောသည်။

“၁၉၅၆-၅၇ ခုနှစ်တုန်းက တနှစ်ကို ကျွန်းသစ် တန်ချိန် လေးသိန်း ထုတ်နိုင်တယ်။ အခုဆို တနှစ်ကို တန် ရှစ်သောင်း
လောက်ပဲ ထုတ်နိုင်တယ်။ သစ်တွေက အရမ်းရှားသွားပြီ။ နိုင်ငံအတွင်းမှာ သစ်တောက ၄၂ ရာခိုင်နှုန်းလောက် ရှိတယ် လို့ အစိုးရက ထုတ်ပြန်ပေမယ့် တကယ်လက်တွေ့မှာ ကျနော့်အမြင်က ၂၅ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်ထင်တယ်။ အဲ့သည့်အတွက် သစ်တောပညာရှင်တွေနဲ့ ဆွေနွေးပြီးပြီ။ အဲဒါတွေကို နည်းဥပဒေ ရေးဆွဲတဲ့နေရာမှာ တင်ပြသွားမယ်။ တည်ဆဲ သစ်တောဥပဒေကိုလည်း ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

ထို့ပြင် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအစိုးရအနေဖြင့် မူဝါဒများ ပြောင်းလဲလာပြီး သစ်ထုတ်လုပ်ခြင်းမှ
နိုင်ငံခြားငွေ ရရှိရေးထက် ပြည်သူများအတွက် အလေးထားတတ် လာကြောင်းနှင့် အစိုးရ၏ အပြုအမူ အသိအမြင်များ တိုးတက်လာသောကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ပို၍ ကောင်းလာနိုင်ကြောင်း ၎င်းက ပြောသည်။

ယင်းဥပဒေသည် သက်ဆိုင်ရာ ဝန်ကြီးဌာန တခုတည်း အတွက်သာ မဟုတ်ဘဲ အခြား ဝန်ကြီးဌာနများ၏ လုပ်ငန်းများ
နှင့်လည်း ဆက်စပ်နေသည်။ ထို့ပြင် သစ်ထုတ်လုပ်ရေး လုပ်ငန်း၊ ဓါတ်သတ္တု တူးဖေါ်ရေး၊ ရေနံနှင့်သဘာဓါတ်ငွေ့ ထုတ်လုပ်မှုများ၊ ဆည်မြောင်း တာတမံ တည်ဆောက်မှုများက သဘာဝပတ်ဝန်ကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နိုင်စေရန်အတွက် ယင်းဥပဒေသည်  အဓိက လိုအပ်နေသည်။
ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်