Tuesday, July 24, 2012

ပင်တဂွန်စစ်ဌာနချုပ်သည် စစ်သွေးကြွများအားတိုက်ခိုက်ရန်အတွက် ကင်ညာနိုင်ငံသို့မောင်းသူမဲ့လေယာဉ်များပေးပို့သွားမည်ဟုဆို

Posted by drmyochit Tuesday, July 24, 2012, under | No comments



          ပင်တဂွန်စစ်ဌာနချုပ်သည် ကင်ညာနိုင်ငံသို့ Raven မောင်းသူမဲ့လေယာဉ် ၈ စင်း ပေးပို့သွားရန်စီစဉ် ထားကြောင်း၊ ထိုသို့ပေးပို့မှုသည် အယ်လ်ကေဒါနှင့် အယ်လ်ရှာဘက်စစ်သွေးကြွများကို တိုက်ခိုက်လျက်ရှိသော ကင်ညာ၊ ဂျီဘူဒီ၊ ဘူရွန်ဒီနှင့် ယူဂန္ဓာနိုင်ငံတို့အား အကူအညီပေးရန်သတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ ၄၁.၄ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီပေးမှု၏တစ်စိတ်တစ်ဒေသဖြစ်ကြောင်းWall Street ဂျာနယ်က ရေးသားဖော်ပြခဲ့သည်ဟု ဇူလိုင်လ ၂၂ ရက်နေ့ Reuters သတင်းတစ်ရပ်အရသိရှိရပါသည်။

 ကင်ညာနိုင်ငံ အနေဖြင့် ၄င်းလေယာဉ်များအား မြေပြင်တပ်ဖွဲ့များနှင့် လေကြောင်းတိုက်ခိုက်နိုင်မှုများအတွက် ပစ်မှတ်များ အားရှာဖွေဖော်ထုတ်ရာတွင် အသုံးပြုသွားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ပင်တဂွန်စစ်ဌာနချုပ်က အဆိုပါ မောင်းသူမဲ့လေယာဉ်များအားထောက်ပံ့ပေးမှုသည် ဆိုမာလီယာနိုင်ငံရှိ အယ်လ်ရှာဘက်အကြမ်းဖက် စစ်သွေးကြွများအား တိုက်ခိုက်နှိမ်နင်းနေသည့် ကင်ညာကာကွယ်ရေးတပ်ဖွဲ့၏ထိရောက်မှုနှင့် နည်းဗျူဟာ စွမ်းပကားများကိုလည်း တိုးတက်လာစေလိမ့်မည်ဖြစ်ကြောင်း အဆိုပါသတင်းစာကဖော်ပြခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ၂ဝ၁၁ ခုနှစ်က ယူဂန္ဓာနိုင်ငံသို့ Raven  မောင်းသူမဲ့လေယာဉ်များကို ထောက်ပံ့ကူညီ ပေးခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်