Tuesday, July 24, 2012

မဟာဗျူဟာမြောက်ဟော်မုဇ်ရေလက်ကြားသည် အီရန်တပ်မတော်၏ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိနေကြောင်းIRGC ရေတပ်အကြီးအကဲက ဇူလိုင်လ ၂၁ ရက်နေ့တွင် ထပ်လောင်းပြောကြားခဲ့ခြင်း

Posted by drmyochit Tuesday, July 24, 2012, under | No comments


Xinhuanet.com;July-23(Mon)

          အီရန်နိုင်ငံ ပါရှန်ပင်လယ်ကွေ့အတွင်းရှိ ဟော်မုဇ်ရေလက်ကြားအား ¤င်းတို့အသုံးပြုနေသရွေ့ ကာလ ပတ်လုံး ပိတ်သွားမည်မဟုတ်ဟု အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်ဒုတိယအကြီးအကဲ ရေတပ်ဗိုလ်ချုပ် Alireza Tangsiri က ပြောကြားခဲ့ကြောင်း IRNA  သတင်းဌာနက ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ အီရန်နိုင်ငံသည် ၎င်းရေလမ်းကြောင်းအားအသုံးပြုနေစဉ် ရေလက်ကြားပိတ်မည်ဟု အများ ယူဆထားသကဲ့သို့ ဆောင်ရွက်မည်မဟုတ်ကြောင်း Tangsiri  က ထုတ်ပြန်ကြေညာခဲ့ပါသည်။ 

မိမိတို့အနေဖြင့် အဆိုပါရေလမ်းကြောင်းအားလက်ရှိတွင်အသုံးပြုနေကြောင်း၊ မိမိတို့အသုံးမပြုနိုင်ပါက မည်သူကိုမျှ အသုံးပြုရန် ခွင့်ပြုပေးမည်မဟုတ်ကြောင်း Tangsiri  က ပြောကြားခဲ့ပါသည်။အီရန်အနေဖြင့် မဟာဗျူဟာမြောက် ဟော်မုဇ် ရေလက်ကြားနှင့်ပတ်သက်သော ၎င်းတို့၏ထိန်းချုပ်မှုအား မည်သူ့ကိုမျှပေးသွားမည်မဟုတ်ကြောင်း IRGC အကြီးအကဲက ဇူလိုင်လ ၂၂ ရက်နေ့တွင် အီရန်နိုင်ငံတောင်ပိုင်းရှိ Bandar Abbas ဆိပ်ကမ်းမြို့၌ ပြောကြား ခဲ့ပါသည်။ အီရန်နိုင်ငံ၏ အငြင်းပွားဖွယ်နျူကလီးယားဆောင်ရွက်မှုများနှင့်ပတ်သက်၍ အနောက်အုပ်စုနိုင်ငံများက အရေးယူပိတ်ဆို့မှုများအားတိုးမြှင့်ခဲ့လျှင် အီရန်အစိုးရနှင့် စစ်ဘက်အရာရှိများအနေဖြင့် နည်းမျိုးစုံအသုံးပြုရန်၊ အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားအား အသုံးပြုသွားမည်ဟု ခြိမ်းခြောက်ထားခဲ့ပါသည်။ 

မဟာဗျူဟာမြောက်ဟော်မုဇ်ရေလက်ကြားသည် အီရန်တပ်မတော်၏ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိကြောင်း IRGC  ရေတပ်အကြီးအကဲက ဇူလိုင်လ ၂၁ ရက်နေ့တွင် ထပ်လောင်းပြောကြားခဲ့ပါသည်။  အီရန်အနေဖြင့် ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားအား အပြည့်အဝထိန်းချုပ်ထားကြောင်း၊ အမေရိကန်နှင့် အစ္စရေးတို့မှ အီရန်အပေါ်မည်သည့်ရန်လိုသော ပြုလုပ်မှုမျိုးမဆိုဆောင်ရွက်ပါက ၎င်းတို့အနေဖြင့် ထိုသို့ ပြုလုပ်မှုအတွက် ကြီးမားစွာပေးဆပ်ရမည်ဟု Ali Fadavi  မှ ပြောဆိုခဲ့ကြောင်း အီရန်သတင်းဌာနက ထုတ်ပြန် ကြေညာခဲ့ပါသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ramin Mehmanparast  က အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ပြုလုပ်ဆဲဒုံးကျည်လေ့ကျင့်ခန်းသည် ပါရှန်ပင်လယ်ကွေ့နှင့် မဟာဗျူဟာ မြောက်ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့က ပြောကြားခဲ့ပါ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်