အစ္စရေးနိုင်ငံသည် ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားနေမှုအခြေအနေအား
စောင့်ကြည့်လျက်ရှိ ကြောင်းနှင့် ဆီးရီးယားအစိုးရ၏ ဓာတု၊ သို့မဟုတ် ဇီဝလက်နက်များသည်
သူပုန်အဖွဲ့များ၊ သို့မဟုတ် လက်ဘနွန် နိုင်ငံရှိ ဟဇ်ဘိုလာစစ်သွေးကြွများလက်တွင်းသို့ရောက်ရှိပါက
တုံ့ပြန်သွားရန်ပြင်ဆင်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုနှင့် ကာကွယ်ရေးဝန်ကြီး
အီဟွတ်ဘာရက်တို့က ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အဆက်အစိုးရအနေဖြင့်
အာရုံကြောပျက်စီးစေတတ် သောဓာတ်ငွေ့၊ ဆိုင်ရာနိုက်အဆိပ်နှင့် အရေပြားကိုလောင်ကျွမ်းစေတတ်သောဓာတ်ငွေ့တို့အပါအဝင်
အဖျက် စွမ်းအားပြင်း လက်နက်များအားအသုံးပြုခြင်း၊ သို့မဟုတ် လွှဲပြောင်းပြုလုပ်မှုရှိ၊
မရှိကို အစ္စရေးကြည်းတပ် အနေဖြင့်စောင့်ကြည့်လျက်ရှိကြောင်း
ဘာရက်က တဲလ်အဗစ်မြို့အနီး စစ်သားစုဆောင်းရေးဌာနရှိ တပ်သားသစ် များထံသို့သွားရောက်လည်ပတ်စဉ်
ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲနိုင်ရေးအတွက်
ထောက်လှမ်းရေးသတင်းအချက်အလက် ကြိုတင်လက်ဦးမှုရယူရန်နှင့် လိုအပ်ချက်ကိုပြင်ဆင်ထားရှိရန်
ဘာရက်က စစ်ဘက်အားညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment