Monday, June 16, 2014

ဝက်ခြံကာကွယ်ကုသနည်းအဆင့်ဆင့်

Posted by drmyochit Monday, June 16, 2014, under | No comments



 သင့်တွင်ဝက်ခြံရောဂါလက္ခဏာများရှိပါက ဆရာဝန်က သင်၏အသားအရေကို စစ်ဆေးအကဲဖြတ်ခြင်းဖြင့်ရောဂါကိုအတည်ပြု ပေးနိုင်ပါလိမ့်မည်။

အိမ်တွင် ဝက်ခြံကုသနည်း

မျက်နှာမှအဆီနှင့် အညစ်အကြေးများကိုဖယ်ရှားရန် မပြင်းမပျော့သောဆပ်ပြာကိုသုံး၍ နေ့စဉ်ဆေးကြောသန့်စင်ပါ။ ခေါင်းပုံမှန်လျှော်ပါ။ ဆံပင်နှင့် မျက်နှာထိမနေပါစေနှင့်။

ဝက်ခြံများကို မညှစ်ပါနှင့်။ ဘက်တီးရီးယားများ ပျံ့နှံ့နိုင်ပြီး အဆီပို ထွက်လာစေသည်။ ဦးထုပ်များ (သို့မဟုတ်) ခေါင်းစည်းများတင်းတင်းကျပ်ကျပ်ဝတ် ဆင်စည်းနှောင်ထားခြင်းမျိုးရှောင်ပါ။

သင့်မျက်နှာကိုမထိပါနှင့်။ ဝက်ခြံမထွက်စေပါဟု တံဆိပ်ကပ်ထားသော (သို့မဟုတ်)ရေကို အခြေခံသော မိတ်ကပ်ကိုသာသုံးပါ။

ဆေးဝါးဖြင့် ကုသခြင်း

ဝက်ခြံပျောက်ရန် ကိုယ့်အစီအစဉ်ဖြင့် ကြိုးစားမှုများမအောင်မြင်ပါက အကူအညီဖြစ်စေမည့် ဆေးဝါးများရှိပါသည်။ ယင်းဆေးဝါးအများစုတွင် အရေပြားခြောက်သွေးမှု (သို့မဟုတ်) ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်သော ပစ္စည်းများပါဝင်သည်။

ဘန်ဇွိုင်းပါအောက်ဆိုက် (benzoyl peroxide)

ဝက်ခြံများအသစ်ထွက်မလာစေရန်နှင့် ရှိပြီးဝက်ခြံများခြောက်၍ ပျောက်သွားစေရန် အသုံးပြုသော လိမ်းဆေးများနှင့် ဝက်ခြံပျောက် ဆေးခရင်မ်များစွာတွင် ဘန်ဇွိုင်းပါအောက်ဆိုက်ပါဝင်သည်။

ဆာလ်ဖာ (sulfur)

လိုးရှင်းများ၊ သန့်စင်ဆေးများနှင့် တစ်ခါသုံးမျက်နှာကပ်ခွာများတွင်ပါဝင်သည့် ထူးခြားသောအနံ့ရှိသော သဘာဝပစ္စည်းတစ်မျိုးဖြစ်သည်။

ရီဆော့စီနယ်လ် (resorcinol)

သေဆုံးသွားသော အရေပြားဆဲလ်များကို ဖယ်ရှားရာတွင်သုံးသည့် တွေ့ရနည်းသော ပစ္စည်းတစ်မျိုးဖြစ်သည်။

ဆာလီဆိုက်လစ်အက်စစ် (Salicylic acid)

ဆပ်ပြာများ၊ ဝက်ခြံပျောက်စေသည့် သန့်စင်ဆေးများတွင်ပါဝင်သည့် အထက်ပါပစ္စည်းများပါဝင်သော ဝက်ခြံပျောက်ဆေးများ ရွေးဝယ်သုံးပါ။ တစ်ခါတစ်ရံတွင် ဝက်ခြံရောဂါလက္ခဏာများကိုဆက်လက်မြင်တွေ့နေရချိန်တွင် ဆေးဘက်ဆိုင်ရာအကြံဉာဏ်ရယူရန် ဆရာဝန်နှင့် သင်တွေ့ချင်ပေလိမ့်မည်။ သင့်ရောဂါလက္ခဏာများ လျှော့ချရန်နှင့် အမာရွတ်များမဖြစ်စေရန် ကူညီနိုင်မည့် ဆေးဝါးများ ဆရာဝန်က ညွှန်းနိုင်သည်။

ထပ်ဆောင်းကုသမှု

ပြင်းထန်သော ဝက်ခြံများကိုကုသရန်နှင့် အမာရွတ်များမဖြစ်စေရန် ထပ်ဆောင်းလုပ်ထုံးလုပ်နည်းများကို ဆရာဝန်က အကြံပေးပါလိမ့်မည်။ ယင်းလုပ်ထုံးလုပ်နည်းများစွာမှာ ပျက်စီးသွားသည့်အရေပြားကို ဖယ်ရှားခြင်းပင်ဖြစ်သည်။

အလင်းစွမ်းအင်ဖြင့်ကုသနည်း (Photodynamic therapy)

လေဆာဖြင့်ကုသနည်းဟုလည်း သိရသည်။ အရေပြား၏ အပေါ် ဆုံးအလွှာကို အလင်းစွမ်းအင်ဖြင့် ဖယ်ရှားပစ်ခြင်းဖြစ်သည်။

ဝက်ခြံများကို ခွဲစိတ်ဖယ်ရှားခြင်း (dermabrasion)

လည်နေသော စုတ်တံဖြင့် အပေါ်ဆုံးအရေပြားအလွှာကို ဖယ်ရှားသောနည်းဖြစ်သည်။

ဓာတုဗေဒနည်းဖြင့် အရေခွံကွာစေခြင်း (chemical peel)

အပေါ်ဆုံးအရေပြားလွှာကို လောင်ကျွမ်းပျောက်ကွယ်သွားစေ မည့် ဓာတုဗေဒတစ်မျိုးကို သင်၏မျက်နှာပေါ်တွင် အလှအပ ပညာဆိုင်ရာ ဆရာဝန်က ထည့်ပေးလေ့ရှိသည်။ ယင်းအရေပြားမှာ နောက်ပိုင်းတွင် ကွာကျသွားမည်ဖြစ်ကာ ပျက်ဆီးမှုနည်းသေးသော အောက်မှ အရေပြားပေါ်ထွက်လာမည်ဖြစ်သည်။

ဝက်ခြံကို မည်သို့ကာကွယ်နိုင်သနည်း

ဝက်ခြံကာကွယ်ရန် ခက်ခဲပါသည်။ သို့သော် အောက်ပါဖော်ပြပါ နည်းလမ်းများဖြင့် ဝက်ခြံကာကွယ်ရန် ကြိုးစားနေသော သင့်အတွက် အကူအညီဖြစ်ပါစေလိမ့်မည်။

ဆီပါဝင်မှုမရှိသော မျက်နှာသန့်စင်ဆေးဖြင့် တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ပါ။ အဆီပိုများကိုဖယ်ရှားရန် ခရင်မ်များသုံးပါ။ ဆီပါသော မိတ်ကပ်များလိမ်းခြင်းရှောင်ပါ။ မိတ်ကပ်များဖယ်ရှားပစ်ခြင်းအပါအဝင် အိပ်ရာမဝင်မီ အရေပြားကို နှံ့နှံ့စပ်စပ်ဆေးကြောသန့်စင်ပါ။  လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေချိုးပါ။ တင်းကျပ်သော အဝတ်အစားများမဝတ်ပါနှင့်။   —Ref: Internet

7DAY DAILY

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်