Monday, June 16, 2014

တီယန်နမင် တိုက်ခိုက်မှု ၃ ဦးကို သေဒဏ်ချ

Posted by drmyochit Monday, June 16, 2014, under | No comments

၂၀၁၃ အောက်တိုဘာမှာ ဖြစ်ခဲ့တဲ့ တီယန်နမင် ရင်ပြင် တိုက်ခိုက်မှု



တရုတ်နိုင်ငံ ဘေဂျင်းမြို့က တီယန်နန်မင် ရင်ပြင်မှာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု စီစဉ်ခဲ့မှုနဲ့ လူ ၃ ဦးကို တရုတ်နိုင်ငံ အနောက်ပိုင်းက တရားရုံး တစ်ခုက ဒီကနေ့ သေဒဏ် ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လတုန်းက ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားကို တီယန်နန်မင် ရင်ပြင်မှာ လူအုပ်ထဲ မောင်းဝင်ပြီး မီးလောင် ပေါက်ကွဲစေခဲ့မှုကို သူတို့က စီစဉ်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

တခြား လူ ၅ ယောက်ကိုလဲ ငါးနှစ်ကနေ ထောင်တစ်သက် အထိ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။

တီယန်နန်မင် ရင်ပြင်မှာ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ ကားအတွင်းက လူ ၃ ဦး အပြင် ကမ္ဘာလှည့်ခရီးသည် ၂ ဦး သေဆုံးခဲ့ရပါတယ်။

BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်