Tuesday, April 22, 2014

“ ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ”

Posted by drmyochit Tuesday, April 22, 2014, under | 2 comments


ပြီးခဲ့သည် ဧပြီ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ ၌ ကျင်းပပြုလုပ်ခဲ့ သည် အစိုးရနှင့် တိုင်းရင်းသား လက် နက်ကိုင်ခေါင်းဆောင်များ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲအပြီးမှာ ပထမမူကြမ်းကို သဘော တူညီမှုရရှိပြီးလို့ နှစ်ဖက်ခေါင်းဆောင်တွေက ထုတ်ဖော်ပြော ဆိုခဲ့ကြပါတယ်။ တချို့တိုင်းရင်း သားခေါင်းဆောင် များနှင့် ပညာရှင်တချို့ က ငြိမ်းချမ်းရေးကြီး ရုပ်လုံးပေါ်လာပြီးလို့ သုံးသပ်ကြပါတယ်။ ဒီသတင်း ကို ကြားလိုက် ရတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး ၀မ်းသာကြ သလို စစ်ဘေးကြောင့် ဒုက္ခသည်စခန်းရောက်နေ တဲ့ ကချင်ပြည်နယ်ကြ ပည်သူတွေက ပိုပြီးဝမ်းသာနေမယ် ဆိုတာတော့ မှားမယ်မထင်ပါဘူး။

သို့သော် ကချင်ပြည်နယ်နှင့်ဒုက္ခသည်စခန်းများ ရှိ ပြည်သူများ၏၀မ်းသာမှု့ ဟာ ကြာကြာမခံလိုက်ပါဘူး။ ဆွေး နွေးပွဲပြီးလို့ သိပ်မကြာခင်မှာဘဲ ကချင်ပြည်နယ်ဘက်မှာတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲ စဖြစ့် လိုက်တိုင်းလည်း ကချင်လူထုကို ကိုယ်စားပြုတယ်ဆို့တဲ့ KIA က စတင် တိုက်ခိုက်တာက များပါတယ်။ KIA ဟာ သူတို့ရဲ့တရားမ၀င်စီးပွားရေး လုပ်ငန်းတွေကို ကာကွယ်ဖို့ အကြောင်းအမျိုးမျိုးပြကာ အစိုးရတပ်များ တိုက်ခိုက် ခဲ့ကြတာပါ။

ငြိမ်းချမ်းရေးဆွေးနွေးစဉ် ကာလများကလည်း စောင့်စည်းရမည့်စည်း ကမ်းများကိုမစောင့်ထိန်းဘဲ အစိုးရတပ်တွေကို လစ်ရင်လစ်သ လို ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် အစိုးရတပ်မှ အရာရှိစစ်သည်များ ကျဆုံး ခဲ့ရတာအားလုံးအသိပါဘဲ။ ဒါအပြင် KIA ဟာ တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ အစိုးရ ရဲ့သန်းခေါင် စာရင်းကောက်ယူမှုများကိုလည်း လက်မခံဘဲ ပယ်ချခဲ့သည့်အပြင် သန်းခေါင်စာ ရင်းကောက်ခံသည့်အဖွဲ့များကို လည်း နည်းမျိုးစုံနဲ့ခြိမ်းခြောက်ဟန့်တားခဲ့ကြပြီး လုံခြုံရေးလိုက်ပါေ ဆာင်ဆောင်ပေး သည့်အဖွဲ့များချောင်းမြောင်း ပစ်ခတ်ခဲ့ကြသည်။သန်းခေါင်စာ ရင်းကောက်ယူ မှုအတွက် တစ်နိုင်ငံလုံးပူးပေါင်းပါဝင်နေချိန်တွင် KIA အဖွဲ့၏ ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေဟာ စိတ်ပျက်စရာပါဘဲ။ 

ထိုအပြင် KIA ဟာ ကချင်လူမျိုးတွေ လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေတယ်လို့ ပါးစပ်ကသာ ကြွေးကြော် နေပေမယ့် လက်တွေ့လုပ်ရပ်တွေက တခြားစီးပါဘဲ။ လက်ရှိမှာ ကချင်လူမျိုးတွေအတွက် အကျိုးရှိတဲ့လုပ် ဆောင်မှုတွေပြုလုပ်နေတာမရှိတဲ့အပြင် ဒေသခံပြည်သူတွေကို အတင်းတသသစဆောင်းတယ်။

ပြန်လိုချင်တဲ့ မိဘတွေထံမှ ငွေးကြေးနဲ့ပြန်ရွေးခိုင်းတယ်။ ဒေသခံပြည်သူေ တွရဲ့တပိုင်တနိုင်စီးပွားရေး လုပ်ငန်းပါမကျန်ဆတ် ကြေးတောင်းတယ်။ ၎င်းအပြင် လူမျိုးမတူဘာသာမတူ တဲ့သူတွေကိုလည်း လူမျိုးရေးခွဲခြားမှုတွေ ဘယ်လိုလုပ် တယ်ဆိုလုပ်တယ် ဘယ်လိုနှိပ်စက်သလဲဆိုတာ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းလူမျိုးတွေအသိဆုံးပါဘဲ။ အမှန်တ ကယ်တော့ KIA ဟာ သူတို့စီးပွားရေးနဲ့ ထိန်းချုပ်နယ်မြေမှာ သူတို့အာဏာတည်မြဲေ ရးကိုသာ ဆောင်ရွက်နေ တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကချင်တပ်မတော်ဟု ဗန်းပြပြီး ၎င်းတို့အဖွဲ့ကိုထောက်ပံ့နေတဲ့ တရားမ၀င်စီးပွားရေး လုပ်ငန်းရှင်များကို ကာကွယ်ပေးနေတဲ့အဖွဲ့သြာ ဖစ်တယ်။

ဖစ်ပွားခဲ့သည့်တိုက်ပွဲများကလည်း အစိုးရတပ်က တရားမ၀င်စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်မှုအပေါ် KIA အဖွဲ့က ၎င်းလုပ်ငန်းရှင်တွေအတွက် အကာအကွယ် ပေးရင်းဖြစ်ပွားနေသည့် တိုက်ပွဲမျာတွေကများပါတယ်။
အထက်ပါအကြောင်းအရာများကိုကြည့်ချင်းအားဖြင့် KIA အဖွဲ့ဟာ ငြိမ်းချမ်းေ ရးကို အလိုမရှိဘဲ သူတို့၏အာ ဏာတည်မြဲရေး၊သူတို့စီးပွားရေး ကိုသာရှေ့ရှု့နေတဲ့ အဖွဲ့အစည်းသာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိခဲ့ပါက ၎င်းတို့ အဖွဲ့၏ ချုပ်ကိုင်ချယ်လှယ်နေမှုများမရရှိတော့မှာကို စိုးရိမ်နေပေလိမ့်မည်။ KIA အဖွဲ့ဟာ အမှန်တကယ် ကချင် လူထုကို ကိုယ်စားပြုပါက ကချင်ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးကို မရ ရအောင်ညှိ့နှိုင်းယူပါလိမ့်မယ်။

တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးနီးပါးတောင်မှညှိ့နှိုင်း လို့ရတာ၊ KIA ကဘာလို့ညှိ့နှိုင်းလို့ မရ တာလဲ။ ကျန်တဲ့ဒေသတွေမှာ တိုက်ပွဲတွေမဖြစ်ဘဲ KIA နယ်မြေထဲမှာ ဘာကြောင့်တိုက်ပွဲတွေဖြစ်ေ နရတာလဲ။ KIA အဖွဲ့ ဟာ အမှန်တကယ် ငြိမ်းချမ်းရေးကို လို့လားတဲ့အဖွဲ့ ဟုတ်မဟုတ်ဆိုတာတော့ စဉ်းစားကြည့် ကြပါတော့။

ညီနောင်ဘွား
Kachin Daily News

2 comments:

ဆောင်းပါးဆရာကလည်း ပြောင်းပြန်တွေပြောပြန်ပြီ။ ဗမာစစ်တပ်က အဲဒီကနေ တပ်ရုတ်သိမ်းလိုက်ရင် ပြသနာရှင်းသွားမယ်။ ဗမာစစ်တပ်အကျင့်မသိရင်ခက်မယ်။ တဆင့်ချင်းဝါးမြိုနေတာ တိုင်းရင်းသားလူမျိုးစုအားလုံးကိုဝါးမြိုတာ လူတိုင်းသိပေမယ့် ဆောင်းပါးဆရာက မသိတာအတော်ထင်ရှားတယ်။ ဘာလဲ ကချင်တိုင်းရင်းသားအရေးကို ဗမာစစ်တပ်က ကယ်တင်ချင်လို့လား။ မဖြစ်နိုင်တဲ့ကိစ္စနော်။ ယုံရုပ်ရေးတောင်မယုံဘူးဆိုတဲ့သီချင်းထဲကလိုဘဲ။

Anonymas ရေ ရောင်းကောင်းအောင်ရေးထားတဲ့ဂျာနယ်တွေဖတ်ပြီးနိုင်ငံရေးမဆွေးနွေးပါနဲ့

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်