Tuesday, May 20, 2014

အော်လန်ဒိုဘလွန်းက တေလာဆွစ်ဖ်ရဲ့ နောက်ဆုံးချစ်သူဖြစ်လေမလား

Posted by drmyochit Tuesday, May 20, 2014, under | No comments


စံနဒီ ၊ရန်ကုန် ၊၂၀.၅.၂၀၁၄

မင်းသားချော အော်လန်ဒိုဘလွန်းဟာ မကြာသေးခင်ရက်ပိုင်းအတွင်းကမင်းသမီးငယ်လေး စလီနာဂွန်း မက်ဇ်နဲ့ ညဘက်ချိန်းတွေ့မှုလုပ်ခဲ့ဖူး ပါတယ်။တေလာဆွစ်ဖ်ရဲ့ အရင်းအနှီးဆုံး သူငယ်ချင်း အဆိုတော် အက်ရှီရန်ကတော့ဗြိတိန်သရုပ်ဆောင် အော်လန်ဒိုဘလွန်းဟာ Red အဆိုကျော် တေလာဆွစ်ဖ်နဲ့ မှပိုပြီးလိုက်ဖက်ညီကြောင်း မေ ၁၇ ရက်က ယူအက်ဝီးကလီးကို ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

နာမည်ကြီး အမျိုးသားအဆိုတော်အက်ရှီရန်က အသက်၂၄နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကန်းထရီးဘုရင်မလေးတေ လာဆွစ်ဖ်တစ်ယောက်တည်းဖြစ်နေတာကြာပြီမို့ ချစ်သူအသစ်ရစေချင်ပြီးအဲဒီ ချစ်သူဟာ အသက် ၃၇နှစ်အရွယ် ၀ါရင့်မင်းသားအော်လန်ဒိုဘလွန်းဖြစ်သင့်ကြောင်း
ဝေဖန် ပြောကြားခဲ့ပါတယ်။

တေလာဆွစ်ဖ်ကလည်း 'ကျွန်မအမြဲတမ်း ဖြစ်လေ့ဖြစ်ထရှိနေတဲ့တွဲလိုက်၊ ပြတ်သွားလိုက်ပြဿ နာကို ဒီအချစ်ကစားပွဲတွေထဲကခဏ အနားယူလိုက်မှသာ ဖြေရှင်းနိုင်လိမ့်မယ်လို့ယူဆပါတယ်'လို့ မနှစ်က In Style မဂ္ဂဇင်း မှာ ၀န်ခံပြောဆိုပါတယ်။ တေလာဆွစ်ဖ်ဟာ၂၀၁၃ခုနှစ် ပထမဆုံးလမှာ One Direction အဖွဲ့ဝင်ဟယ်ရီစတိုင်နဲ့ ခဏတာချစ်ကျွမ်းဝင်ပြီး လမ်းခွဲခဲ့ရပါတယ်။

အဲဒီမတိုင် ခင်ကလည်း ခဏခဏ အသည်းကွဲခဲ့ရတဲ့ အတွက်အချစ်ကိစ္စတွေကနေ အနားယူပြီး အနုပညာအလုပ်ကိုသာ အာရုံစိုက်ခဲ့ကြောင်းဖော်ပြထားပါတယ်။

အက်ရှီရန်အပါအ၀င် အခြားသူငယ်ချင်းတွေနဲ့ အနုပညာအသိုင်းအ၀ိုင်းက ချစ်သူထားဖို့အချိန် တန်ပြီဖြစ်တဲ့ တေလာဆွစ်ဖ်ကို မော်ဒယ်လ်မင်းသမီးချောမီရန်ဒါကားရ်ရဲ့ခင်ပွန်းဟောင်း ကမ္ဘာကျော်
မင်းသား အော်လန်ဒိုဘလွန်းနဲ့ နီးစပ်သွားစေချင်တဲ့အတွက် သူငယ်ချင်းတွေ ရဲ့ပို့ဆောင်မှုကြောင့် သူတို့နှစ်ဦးနီးစပ်သွားလေမလားဆိုပြီး ရာဟူးသတင်းဌာနက ဖော်ပြထားပါတယ်။

စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်