Saturday, February 23, 2013

မြန်မာဘဏ်ကြီး လေးခု အမေရိကန် ပိတ်ဆို့မှု ဖွင့်ပေး

Posted by drmyochit Saturday, February 23, 2013, under | No comments



မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် မှုတွေ ကို အသိ အမှတ်ပြုတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင် စုက မြန်မာနိုင်ငံက ဘဏ်ကြီး လေးခုကို ပိတ်ဆို့ အရေးယူထားမှု အပေါ် မနေ့က သောကြာနေ့တုန်းက ဖြေလျော့ ပေးလိုက် ပါပြီ။


မြန်မာ့ စီးပွားရေးဘဏ် ၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်ဝယ်ရေး ဘဏ် ၊ အာရှ စိမ်းလန်း ဖွံ့ဖြိုးရေး ဘဏ်နဲ့ ဧရာဝတီ ဘဏ် တို့ကို အမေရိကန် ဘဏ်ဍာရေး ဝန်ကြီးဌာနက အထွေထွေ လိုင်စင် ပြန်ထုတ် ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ကန့်သတ် ထိန်းချုပ်မှုတွေ ဖယ်ရှားပြီး ဘဏ်လုပ်ငန်း လိုင်စင် ပေးလိုက်တဲ့ အတွက် အမေရိကန် နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေက မြန်မာ ဘဏ်တွေနဲ့ ဆက်ဆံ လုပ်ကိုင်ခွင့် ရသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ဘဏ်လေးခု အနက် ပုဂ္ဂလိက ဘဏ် နှစ်ခုထဲက အာရှ စိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်က ဦးတေဇ ပိုင်ဆိုင်တာ ဖြစ်ပြီး ဧရာဝတီ ဘဏ်က ဦးဇော်ဇော် ပိုင်ဆိုင်တာမို့ အခုလို ဖွင့်ပေး လိုက် တာဟာ သိတ်စော လွန်းသေး တယ်လို့ နိုင်ငံရေး အကဲခတ်သူ တချို့သုံးသပ်နေကြပါတယ်။

VOA 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်