Saturday, February 23, 2013

တောင်ကြီး NLD ညီလာခံမှာ ဆင်ဆာမဲ့ စာအုပ်တွေ ရောင်းတဲ့ တရားခံကို ဖော်လိုက်ပြီ

Posted by drmyochit Saturday, February 23, 2013, under | No comments


တောင်ကြီးမြို့တွင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရှမ်းပြည်နယ် ညီလာခံ တွင် မိတ္တူ ကူး ထားသည့် စာပေခွင့်ပြုချက် မရှိသော ဆင်ဆာမဲ့ စာအုပ်များကို NLD ပါတီ ရုံးချုပ် ကို အသိပေးခြင်း မရှိဘဲ ရောင်းချ သွား ကြောင်း ဧရာဝတီ ဘလော့တွင် ဖေါ်ပြခဲ့ပါ သည်။

အဆိုပါ စာအုပ်များသည် ပြုပြင်ပြောင်းလဲရေးကို အားကြိုးမာန်တက်လုပ်နေသော အစိုးရ တာဝန် ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားများအပေါ် စာဖတ်သူများမှ အထင်အမြင် လွဲမှားစေရန် အတွက် ပြည်ပနိုင်ငံများ၏ ထောက်ပံကြေးငွေနှင့် ရပ်တည်နေရသော NDD အဖွဲ့နှင့်တပ်မတော် မှ ရာဇ၀ တ်မှု့ဖြင့် ထွက်ပြေး တိမ်းရှောင်နေသာ သူများ ပူးပေါင်း ရေးသားထားသော စာအုပ်များဖြစ်ကြောင်း သိရ သည်။


အဆိုပါ စာအုပ်ရောင်းခဲ့သော တောင်ကြီးမြို့သို့ ၂၁၀၂ ခုနှစ် နိုဝင်ဘာ (၁၆) ရက်နေ့က NDD အဖွဲ့ဝင် ခင် ဥမ္မာ လာရောက်ခဲ့ကြောင်း၊ အဆိုပါ ခရီးစဉ် တအွင်း NLD ပါတီ အချို့ကို ယခု စာအုပ်များရောင်း ချပေးရန် စည်းရုံးခဲ့ကြောင်း၊ခင်ဥမ္မာအဖွဲ့သည် ယခု အစိုးရ ၊တပ်မတော် နှင့် ပြည်ခိုင်ဖြိုးပါတီ၊ NLD အပါ အ၀င် နိုင်ငံရေး ပါတီများ ပါဝင်ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် အပေါ် မနာလို မရှု့စိမ့် ဖြစ် ကာ ဖျက်လို ဖျက်ဆီး လုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။

ခင်ဥမ္မာ တို့သည် ယခင်ခေတ်ကသို့ ပြည်ပ အထောက်အကူကို အလွယ်တကူ မရတော့ကြောင်း အခွင့် အေ၇း နည်းပါးလာသောကြောင့် ၎င်းတို့ ထုတ်ဝေခဲ့သော လုပ်ကြံ စာအုပ်များကို စတင်ရောင်းချလာခြင်း ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ ပါတီဗဟိုမှ တာဝန်ရှိသူများမှ ယခု ဖြစ်ရပ်ကို အမြန်ဆုံး ဖော်ထုတ် အရေးယူ သင့်ကြောင်း၊ ခွင့်ပြုချက်မရှိသော စာအုပ်များကို ရောင်းချနေခြင်းသည် ပါတီ၏ မူဝါဒ နှင့်လည်း မကိုက် ညီကြောင်း၊ ပါတီလဲ သိက္ခာကျကြောင်း NLD ပါတီဝင်အချိှု့ ပြောဆိုနေကြကြောင်း သိရသည်။

သတင်း စာနယ်ဇင်း ကောင်စီအနေဖြင့် ယခုလို ဖြစ်ရပ်တွေမှာ တာဝန်ရှိကြောင်း၊ မြန်မာပြည်မှာ ရောင်း ချနေ တဲ့ စာအုပ်မျိုးစုံ၊ ဂျာနယ်မျိုးစုံမှာ မသင့်တော်တဲ့ အကြောင်းအရာတွေ ပါလာရင် သတင်း စာနယ်ဇင်း ကောင်စီ အနေဖြင့် ဖေါ်ထုတ် အရေးယူရမဲ့ တာဝန်ရှိကြောင်းနှင့် အခွင့်အရေး နှင့် တာဝန်သိတတ်မှု့၊ စည်း ကမ်း လိုက်နာမှု့တို့သည် ဆက်စပ်နေကြာင်း၊ သတင်းဇာနယ်ဇင်းကောင်စီသည် ယခု ကိစ္စကို မသိကျို ကျွံပြုနေပါက တာဝန်မဲ့ရာ ရောက်ကြောင်း ပြည်သူများက ဝေဖန်နေကြပါသည်။

ယခုရက်ပိုင်းအတွင်း Facebook စာမျက်နှာများတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှု့ ဖြစ်စဉ်များတွင် ပါဝင်ကူညီ ဆွေးနွေးနေသော အရပ်သား ပညာရှင်များ ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု့များ ဖြစ်ပွားနေခြင်းသည် ခင်ဥမ္မာ တို့ကဲ့သို့ မြန်မာ ပြည်ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှု့ကို မလိုလားသော သူအချို့က ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းနှင့် မြန်မာပြည် ငြိမ်းချမ်းလာသည့်အတွက် အ မျှ ဒီမိုကရေစီ အရေးအတွက် ပေးကမ်းခဲ့သော ထောက်ပံကြေးများ ရရှိမှု့ နည်းပါးလာနေသည့်အတွက် အဆိုပါ ပုဂ္ဂိုလ်များ မကျေမနပ်ဖြစ်နေကြောင်း သိရသည်။

ဆက်စပ်သတင်း - http://blog.irrawaddy.org/2012/11/blog-post_3813.html 


မြန်မာ့ သားကောင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်