Saturday, February 23, 2013

ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြီး နှစ်စီးမီးလောင်၊ တစ်စီးပျက်စီး

Posted by drmyochit Saturday, February 23, 2013, under | No comments


ကွန်တိန်နာယာဉ် တစ်စီးမှ အခြားယာဉ်နှစ်စီးကို တိုက်မိပြီး တိမ်မှောက် မီးလောင်မှု ဖြစ်စဉ် တစ်ခု ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၂ နာရီခွဲ ခန့်က မြောက်ဥက္က လာပမြို့နယ် အတွင်း ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ သံသုမာ လမ်း အတိုင်း မောင်းနှင် လာသော ကျောက်မှုန့်တင် ကွန်တိန် နာ ယာဉ်မှာ တပ်ကွင်း ကားဘော်ဒီ ရုံအရောက် လိုက်ထရပ်ကားကို တိုက်မိပြီး ထိုမှတစ်ဆင့် ရပ်ထားသော မေတ္တာလှိုင်း ဘတ်(စ်)ကားယာဉ်ကို ထပ်ဆင့်တိုက်မိကာ တိမ်းမှောက် မီးလောင် သွားခဲ့ ကြောင်း မျက်မြင် တို့က ဆိုသည်။


အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်အနီးရှိ တပ်ကွင်းကားဘော်ဒီရုံးမှ ကိုကြည်ဝင်းက "ကွန်တိန်နာယာဉ်က လိုက်ထရပ်စ်ယာဉ်ကို တိုက်မိပြီး နောက်ထပ်ဘေးမှာ ရပ်ထားတဲ့ မေတ္တာလှိုင်းယာဉ်ကိုပါ ထပ်တိုက်ပြီး တိမ်းမှောက်သွားတယ်။ သိပ်မကြာဘူး၊ မီးလောင်မှု ဖြစ်သွားခဲ့တာပါ" ပြောသည်။

အဆိုပါယာဉ်တိုက်မှုတွင် ကွန်တင်နာယာဉ်နှင့်အတူ မေတ္တာလှိုင်းယာဉ်တို့ ပြင်းပြင်းထန်ထန် မီးလောင် ကျွမ်း သွားပြီး အခြားယာဉ်မှာလည်း အတော်ပျက်စီးသွားကြောင်း မျက်မြင်တို့က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်စ်ယာဉ်မောင်းမှာ ဒဏ်ရာ အနည်းငယ် ရရှိသွားပြီး ကွန်တင်နာ ယာဉ်မောင်းနှင့် အခြားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်