Saturday, February 23, 2013

ခေါင်းကိုက်ဝေဒနာသက်သာစေမည့် ခေါင်းစွပ်

Posted by drmyochit Saturday, February 23, 2013, under | No comments

သိပ္ပံ ပညာရှင် များသည် Star Treck ရုပ်ရှင် ကားပုံစံ ခေါင်းစွပ် တစ်မျိုးကို နဖူး တ၀ိုက် တစ်ရက်မိနစ် (၂၀)ခန့် ၀တ်ဆင် ခြင်းဖြင့် ခေါင်း ကိုက် ဝေဒနာ ကာကွယ်နိုင် ရန် တီထွင် ထားသည်။

Cefaly ဟု အမည် ရသည့် အဆိုပါ စက်သည် မျက်လုံး တ၀ိုက် အာရုံခံ စားမှု များကို ထိန်းချုပ် ထားသည့် supraorbital အာရုံကြော ထံ လျှပ်စစ်စေ့ ဆော် မှုများ ပေးပို့သည်။


Neurology ဂျာနယ် တွင်ဖော်ပြ ထားသည့် လေ့လာ မှုအရ အဆိုပါ စက်ကို လ အနည်း ငယ်ကြာ သုံးစွဲသူ များ သည် ခေါင်းကိုက် ဝေဒနာ ခံစား ရမှု သုံးပုံ တစ်ပုံလျော့ ကျလာကြောင်း သိရ သည်။ ခေါင်းကိုက် ဝေဒနာ ထက်ဝက်ကျော် သက်သာ လာသူအရေအ တွက်မှာ လည်းသုံး ဆကျော် တိုးပွား လာခဲ့သည်။

“ဒီစက်မှာ ငွေထည် အစွပ်ပါး လေးတစ်ခုပါပြီး Star Treck ဇာတ်ကားထဲက ပစ္စည်း တစ်ခု ခုနဲ့ ဆင်တူ ပါတယ်။ နားရွက် မှာသွား ချိတ်မယ်၊ နဖူးတည့်တည့်မှာ ၀တ်ထား မယ်ဆိုရင် အနာဂတ် ကာလ နေကာမျက် မှန်အတိုင်းပါပဲ။ တစ်နေ့မှာ မိနစ် နှစ်ဆယ်သာဝတ်ဆင်ထားဖို့ လိုပါမယ်” ဟု ဘယ်လ်ဂျီ ယံနိုင်ငံ လီယဲ့ဂ်ျ တက္ကသိုလ် ပါမောက္ခ ဂျင်းန်ရှိုနန်က ဆိုသည်။

“ခေါင်းကိုက် ဝေဒနာ သက်သာစေတဲ့ ဆေးဝါး တွေကဲ့သို့ အာနိသင် ရှိပါတယ်။ ဒါပေမယ့် ဆေးဝါးတွေ ဟာ ဘေးထွက် ဆိုးကျိုးတွေ ရှိပြီး တချို့လူတွေမှာ ဆေးဆက် မသောက် ချင်လောက်အောင်ဘေး ထွက်ဆိုး ကျိုးတွေများ ပါတယ်” ဟုရှိုနန်က ဆိုသည်။

လေ့လာမှု တွင်တစ်လ လေးကြိမ် ခန့်ခေါင်း ကိုက်ဝေဒနာ ခံစားရသူ (၆၇) ဦးကို ဆေးကုသမှု မပေး ဘဲ လေးပတ် ကြာစောင့်ကြည့်ခဲ့သည်။

ထို့နောက် အချို့ကို အာရုံကြော စေ့ဆော်စက်ဖြင့် တစ်နေ့ မိနစ် (၂၀) ခန့် သုံးလကြာကုသပြီး အချို့ကို အာနိသင်မ ရှိသော ဟန်ပြစက်ဖြင့် ကုသခဲ့သည်။

အာရုံကြောစေ့ဆော် စက်ဖြင့် ကုသမှုခံ ယူသူ များမှာ သုံးလအကြာ တွင် ခေါင်းကိုက်ဝေဒ နာခံစားရသည့် ရက်များ သိသိသာသာလျော့ကျ လာခဲ့ပြီး စက်အတုဖြင့် ကုသမှုရရှိ သူများတွင် ခေါင်းကိုက်ဝေ ဒနာ လျော့ကျခြင်းမရှိပေ။

အာရုံကြောစေ့ဆော်စက်ဖြင့် ကုသမှုခံယူခဲ့သူများတွင် ရောဂါလက္ခ ဏာများ ထက်ဝက်လျော့ပါးလာသူ သုံးဆယ့်ရှစ်ရာနှုန်းရှိကြောင်း သုတေ သနစာတမ်းတွင်ဖော်ပြထားသည်။

ဇော်ကို
Source: PTI
Health Updates Journal
Vol-2,No-8

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်