မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုဟာ ဘိန်း အထွက် တိုင်းတာ ရေးနဲ့ မူးယစ် ဆေးဝါး တိုက် ဖျက်ရေးအေ ဂျင်စီ ထူထောင်မှုတွေမှာ ပူးပေါင်း ဆောင် ရွက်ဖို့ သဘောတူ စာချုပ်ကို လက်မှတ် ထိုးကြတယ်လို့ နိုင်ငံပိုင် မီဒီယာ တွေမှာ ဒီနေ့ ဖော်ပြပါတယ်။
ဒီ သဘောတူ စာချုပ်ကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအ မတ်ကြီး ဒဲရစ်မစ်ချယ်တို့ နေပြည်တော်မှာ မနေ့က လက်မှတ်ထိုးတာ ဖြစ်ပါတယ်။
မြန်မာ အစိုးရ မူးယစ် ဗဟိုက ရဲအုပ်မြင့်လတ်သိန်းက “မနေ့ကမှ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးတာပါ။ ဘာမှ အကောင်အထည် မဖော်ရ သေးပါဘူး” လို့ ပြောပါတယ်။
မြန်မာ့ အလင်း သတင်းစာရဲ့ မေးမြန်းချက်ကို အမေရိကန် သံ အမတ်ကြီးက ဖြေဆိုချက် မှာတော့ မူးယစ်ဆေးဝါး တိုင်းတာလေ့လာမှုကို လာမယ့်သီတင်းပတ်ထဲမှာ စတင်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ဖြေထားပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီထူထောင်ခြင်းနဲ့ ပတ်သက်လို့ ကတော့ အချင်းချင်း ညှိနှိုင်းကြရဦးမှာဖြစ်ပြီး ဒီနှစ်ကုန် သို့မဟုတ် လာမယ့် နှစ်တွင်းမှာ ဖြစ်လိမ့်မယ်လို့ ထင်ကြောင်း မစ္စတာ ဒဲရစ်မစ်ချယ်က ပြောပါတယ်။
မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုဟာ ဘိန်း အထွက် တိုင်းတာ ရေးကို ၁၀ ကြိမ် ပူးတွဲလုပ်ဆောင်ခဲ့ဖူးပါတယ်။ ၂၀၀၄ ခုနှစ်မှာ အဲဒီ အစဉ်ကို ဆိုင်းငံ့ထားရာက အခု ပြန်စမှာဖြစ်ပါတယ်။
ကုလ သမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကလည်း မြန်မာနိုင်ငံဟာ ၆ နှစ်အတွင်း ဘိန်းနဲ့ စိတ်ကြွဆေးပြား ထုတ်လုပ်မှု မြင့်တက်တယ်လို့ ၂၀၁၂ ခုနှစ် ကုန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
ဘိန်းစိုက်ပျိုးမှု စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းက ကချင်ပြည် နယ်မှာ ဖြစ်ကြောင်း၊ ပြည်နယ် ၂ ခုလုံးဟာ ဒေသမတည်ငြိမ်တဲ့ ပဋိပက္ခ နယ်မြေအဖြစ် ရှိနေကြောင်းနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အလုပ် အကိုင် ရှားပါးမှုနဲ့ ဘဝ ရပ်တည်ရေး မပြေ လည်မှုတွေဟာ ဒေသခံတွေကို ဘိန်းစိုက်ပျိုးအောင် တွန်းပို့နေတယ်လို့ သတိပေးခဲ့ပါတယ်။
စစ် အစိုးရ လက်ထက် တုန်းက ဘိန်းကင်းစင်ရေး နှစ်တိုနဲ့ နှစ်ရှည် စီမံချက်တွေ အကောင် အထည်ဖော်ပေမယ့် မအောင်မြင် ဖြစ်ခဲ့ရတာကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကအတိုင်းပဲ မြန်မာနိုင်ငံဟာ အာဖဂန် နစ္စ တန်ပြီးရင် ကမ်ဘာပေါ်မှာ ဘိန်းအထွက်ဆုံးနိုင်ငံ အြဖစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။
DVB
0 comments:
Post a Comment