Saturday, February 23, 2013

ကာတွန်း ဦးဘဂျမ်း ၁၁၁ နှစ်ပြည့် မွေးနေ့ အခမ်းအနား

Posted by drmyochit Saturday, February 23, 2013, under | No comments

 မြန်မာ့ ဂန္တဝင် ကာတွန်း ဆရာကြီး အလကာင်္ကျော်စွာ ဦးဘဂျမ်းရဲ့ (၁၁၁) ကြိမ်မြောက် မွေးနေ့ ကိုဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတဲ့ကာတွန်းပန်းချီပြပွဲ၊ စာပေဟောပြောပွဲနဲ့ ဖျော်ဖြေပွဲတွေကို ဆရာကြီးရဲ့ မွေးရပ်ဇာတိမြို့ ဖြစ်တဲ့ ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။ 
 
နှစ်ရက်ကြာ ကျင်းပမယ် ကာတွန်းဆရာဦးဘဂျမ်းရဲ့ (၁၁၁) နှစ်မြောက် မွေးနေ့ အထိမ်းမှတ်ဂုဏ်ပြုပွဲကို သမိုင်းမှာ ပထမဦးဆုံးအကြိမ် အဖြစ် ဆရာကြီးရဲ့ဇာတိ ညောင်တုန်းမြို့မှာရှိတဲ့ အတုလမာရဇိန် သွန်း ဘုရားကြီးဝင်း အတွင်းမှာ ပြုလုပ် ကျင်းပတာ ဖြစ်ပြီး ဆရာကြီး ရေးဆွဲခဲ့တဲ့ကာတွန်း (၁၁၁) ကား အပြင် ပန်းချီနဲ့ ကာတွန်းရေးဆရာ (၂၀) ကျော်ရဲ့ လက်ရာတွေကိုလည်း ခင်းကျင်း ပြသထားတယ်လို့ သိရပါ တယ်။ 
 
ကာတွန်းရေးဆရာ ဦးဘဂျမ်းဟာ သူ့ခေတ်သူ့အခါက သူယုံကြည်ရာကို ပြတ်ပြတ်သားသား လုပ်ဆောင် တတ်သူ ဖြစ်ပြီး အုပ်ချုပ်သူ အင်္ဂလိပ် အစိုးရကို ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့သူ ဖြစ်တဲ့အတွက် မြို့သူမြို့ သားတွေ အနေနဲ့ ဆရာကြီးကို ဂုဏ်ယူလေးစားတဲ့အနေနဲ့ ခုလို အထိမ်းမှတ် ဂုဏ်ပြုပွဲကို ပြုလုပ် ကျင်းပရ တာလို့ ပွဲတော် ကျင်းပရေးကော်မတီက ပြောပါတယ်။ 
 
ဒါ့အပြင် ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ကာတွန်း လက်ရာတွေဟာ ကာတွန်းပုံ ပီပြင်မှု၊ စကားလုံး ထိရောက်မှု၊ နိုင်ငံရေး ၊ လူမှုရေး၊ ဘာသာရေးစတဲ့ ကဏ္ဍစုံလင် နှံ့စပ်မှု၊ တွေးခေါ်မှု မြင့်မားတာတွေကြောင့် သူ့ရဲ့ ကာတွန်း လက်ရာတွေဟာ ဒီကနေ့ခေတ်တိုင် ခေတ်နဲ့ လျော်ညီမှုရှိနေ တာတွေကြောင့် ထင်ရှား ကျော်ကြား လှပါတယ်။
 


 
RFA 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်