အိန္ဒိယ၊ဖေဖော်ဝါရီ ၂၂
အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘက်မြို့တော်မှာ စက်ဘီးဗုံး ပေါက်ကွဲမှု ၂ ခု ဆက်တိုက်ဖြစ်လို့ လူ ၁၄ ဦး သေဆုံးပြီး ၁၁၉ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဆူရှေးလ် ကူးမားရှင်းဒီက ဒီနေ့ ပြောကြားပါတယ်။
မြို့တော်ရဲ့ စီးပွားရေး ဇုန်က အိုင်တီ စင်တာမှာ ပေါက်ကွဲမှုဖြစ် ပွားတဲ့ နေရာဆီ ဝန်ကြီး ကိုယ်တိုင် သွားရောက်ကြည့်ရှု ခဲ့ပြီး ခုလို အတည်ပြု ပြောကြားလိုက်တာပါ။
ဒီပေါက်ကွဲမှု အတွက် စုံစမ်း စစ်ဆေး မှုတွေ လုပ်ဆောင် နေပြီး ဒီ သူရဲဘောကြောင်တဲ့ လုပ်ရပ်အတွက် တာဝန်ရှိတဲ့ သူတွေကို ပြစ်ဒဏ် ပေးသွား မယ်လို့ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဆိုပါတယ်။
ဟိုက်ဒြာဘက် မြို့တော်က သဘောထား တင်းမာ နေကြတဲ့ ဟင်ဒူနဲ့ မွတ်စလင်တွေ အကြား အကြမ်းဖက် အဓိ ကရုဏ်း တွေကို တားဆီးဖို့ ရဲတွေကို နေရာချထားပြီး ဒီပေါက်ကွဲမှု မဖြစ်ခင် ရက်ပိုင်းတွေမှာ ရဲတပ်ဖွဲ့ က သတိပေးနှိုး ဆော်ချက်တွေ လုပ်ထားတယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။
ဒီကိစ္စကို ဘယ်သူ လုပ်တယ် ဆိုတာတော့ လတ်တလောမှာ မသိရှိ ရသေးဘဲ စွပ်စွဲ ပြောဆိုဖို့ကလည်း စောပါသေးတယ်လို့ ဝန်ကြီး ရှင်းဒီက ဆိုပါတယ်။
DVB
0 comments:
Post a Comment