Thursday, June 13, 2013

ရဲတပ်ဖွဲ့ အနီးရှိ အမှိုက်ပုံး အတွင်းမှ အစားအစာများ ရှာဖွေခဲ့သည့် ကလေးငယ် နှစ်ဦးအား တာလီဘန်များ သတ်ဖြတ်

Posted by drmyochit Thursday, June 13, 2013, under | No comments


ကန်ဒါဟာ   ဇွန်  ၁၂

အာဖဂန် တာလီဘန်များသည် အစိုးရအတွက် သူလျှို လုပ်ပေးသည့် စွဲချက်ဖြင့် ခန်းနှင့် ဟာမီဒူလက်ရှ် အမည်ရှိ အသက် ၁ဝ နှစ်နှင့် ၁၆ နှစ် အရွယ် ယောက်ျားလေးနှစ်ဦးကို ခေါင်း ဖြတ်ကွပ်မျက်ခဲ့ပြီး အစိုးရနှင့်
ပူးပေါင်း ဆောင်ရွက်မှုမပြုရန် ရွာသားများအား သတိပေးခဲ့ကြောင်း သိရသည်။

နေတိုးတပ်ဖွဲ့၏ အဓိက အခြေစိုက် စခန်းတစ်ခုဖြစ်သော ကန်ဒါဟာမြို့ရှိ ရဲတပ်ဖွဲ့ အခြေစိုက် စခန်းအနီး အမှိုက်ပုံးအတွင်း ဇွန် ၉ ရက်က ကောင်းနိုးရာရာ အစားအစာများကို ရှာဖွေနေစဉ် ကလေးငယ် နှစ်ဦးအား တာလီဘန်များက ဖမ်းဆီးခဲ့ပြီးနောက် ထောက်လှမ်း ရေးသတင်းများ  ပေးအပ်မှုအတွက် ရဲတပ်ဖွဲ့ထံမှ အစားအစာများကို လက်ခံ ရယူသည်ဟု စွပ်စွဲ၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း   ပြည်နယ် အစိုးရအဖွဲ့ အာဏာပိုင်များက ပြောကြားခဲ့သည်။

တာလီဘန်များသည် စစ်ဆေးမေး မြန်းမှုများ ပြုလုပ်ပြီးနောက် ကလေးငယ် နှစ်ဦး၏ ဦးခေါင်းကို ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ကန်ဒါဟာမြို့ ဇာရီခရိုင်တွင် ရှာဖွေတွေ့ ရှိခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် အစိုးရ သတင်းပေးများ မဟုတ်ဘဲ  နေတိုးတပ်ဖွဲ့က စွန့်ပစ်ထားသော အစားအစာများကို အမှိုက်ပုံးအတွင်း ရှာဖွေသည့် ကလေးငယ်များသာ  ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ကလေးငယ်နှစ်ဦးကို သတ်ဖြတ်သည့် စစ်သွေးကြွအား ရှာဖွေဖမ်းဆီးရန် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့ကို ကန်ဒါဟာ မြို့အုပ်ချုပ်ရေးမှူးက ညွှန်ကြားခဲ့ကြောင်း သိရသည်။

From: မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်