Thursday, June 13, 2013

အသက် (၁၃)နှစ် အရွယ် မိန်းကလေးတစ်ဦး မုဒိန်းကျင့်ခံရ

Posted by drmyochit Thursday, June 13, 2013, under | No comments


၂၀၁၃ ဇွန်လ ၁၁ ရက်နေ့ က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ အတွင်းရှိ ပန့်ကျန်းကျေးရွာ တုံချမ်းရပ်ကွက် ဒါဒီ ရာဘာခြံတွင် ရာဘာစေး ခြစ်နေသော အလုပ်သမ မစန်းသီတာ အသက်(၁၃)နှစ်အား ယင်းရာဘာခြံ၏ ခြံချင်းကပ်နေ ရာဘာခြံမှ မောင်မင်ဦး(ခ)အချိုင်း အသက် (၃၆)နှစ်သည် သေနတ်ဖြင့် မစန်းသီတာ၏ နားထင်ကိုထောက်ပြီး ရာဘာခြံ တောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားပြီး နံနက် ၃နာရီ ခန့် တွင် တစ်ကြိမ် မွန်းတည် ၁၂ နာရီတွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် သားမယားအဖြင့် ပြုကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုနောက် မောင်မင်းဦး(ခ)အချိုင်း သည် မစန်းသီတာအား ခြိမ်းခြောက်ပြီး ရနောင်မြို့ နှင့် တဖက်ကမ်း ကော့သောင်း ခရိုင် ကော့သောင်မြို့ နယ် အေးချမ်းသာယာကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ ကြောင်း သိရပါသည်။

အေးချမ်းသာယာရွာနေ ဒေါ်ပျိုမေ မှ မစန်းသီတာ ၏ အဖြစ်အပျက် အလုံးစုံကို သိရှိကာ  သားသမီးချင်း စာနာကာ အေးချမ်းသာ ရဲကင်းသို့ သွားရောက်တိုင်ကြားခဲ့ရာ မောင်မင်းဦး(ခ)အချိုင်းအား ခေါ်ယူစစ်ဆေးပြီး ပြန်လွတ်ပေးခဲပါသည်။

တရားခံအား ပြန်လွှတ်ပေးသဖြင့် မစန်းသီတာနှင့် အုပ်ထိန်းသူတို့သည် မကျေနပ်ဘဲ ကောသောင်းမြို့ မြို့မစခန်းသို့ (၁၁-၆-၂၀၁၃) ည ၇း၃၀ နာရီ အချိန်ခန့်တွင် သွားရောက်တိုင်ကြားရာ ရဲစခန်းမှ ဆေးစာ ရေးသားပြီး ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့ မစန်းသီတာအား ဆေးစစ်မှု ခံယူစေခဲ့ ကြောင်း သိရပါသည်။

ထိုနောက် ကော့သောင်းရဲစခန်းမှ မာရမ်း ရဲစခန်းသို့ အမှုဖွင့်ဆောင်ရွက် စေခဲ့ပါသည်။

သိုဖြင့် မြန်မာနိုင်ငံသား အရွယ်မရောက်သေးသည့် အသက် (၁၃)နှစ် အရွယ် မွန်တိုင်းရင်းသူကို သားမယား အဖြစ် ပြုကျင့်ခဲ့ခြင်းအပေါ် သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူ ပေးစေလိုကြောင်း
မစန်းသီတာ ၏ အုပ်ထိန်းသူများက Myanmar News Now ကို  ပြောပါသည်။

From: သစ်ထူးလွင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်