Thursday, June 13, 2013

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အစိုးရမှ ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့တင်ရန် စီစဉ်နေပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အများစု ကန့်ကွက်မည်

Posted by drmyochit Thursday, June 13, 2013, under | 2 comments


မုန်တိုင်း အန္တရာယ်ကြောင့် ရွှေ့ပြောင်းနေကြသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီများကို မေလက တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အစိုးရမှ ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့တင်ရန် စီစဉ်နေကြောင်း၊ သို့သော် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေမှာ တရားမ၀င် ခိုးဝင်လာသည့် တိုင်းတစ်ပါး သားများ၏ အန္တရာယ်ကို ကာကွယ်ထားခြင်းဖြစ်၍ ပြင်ဆင်ရန် မလိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အများစုက ကန့်ကွက်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက "၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အစိုးရက ပြင်ဆင်ရေးဆွဲ နေတယ်လို့ သိရပါတယ်။ သို့သော် ဥပဒေကြမ်းတစ်ခု တင်မယ်ဆိုရင် လွှတ်တော်အစည်းအဝေး မကျင်းပမီ တစ်လကြိုတင်ရတာ ဖြစ်ပါတယ်။ အခု ဥပဒေကြမ်းတင်ဖို့ အချိန်မမီ တော့တဲ့အတွက် ဒီတစ်ခေါက် လွှတ်တော်မှာတော့ မပါနိုင်တော့ပါဘူး" ဟု Eleven Media Group ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရန် ဥပဒေကို ပြန်လည်ဆန်းစစ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကမူ "၁၉၈၂ ခုနှစ် ဥပဒေကိုပြင်ဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြီးခဲ့တဲ့ လွှတ်တော်မှာ တင်ဖူးတယ်။ အဲလို တင်လာတဲ့အခါမှာ ၀ိုင်းဆွေးနွေးကြပြီး ဒါကို မပြင်သင့်ဘူးဆိုပြီး ကန့်ကွက်ပြီး ပယ်ချလိုက်တယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်သင့်တယ်လို့ ပြောနေတယ်။ ကျွန်တော့် အမြင်ကတော့ ဒီ ၁၉၈၂ ခုနှစ် ဥပဒေက ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဘက်ကို ကူးလာတဲ့ မွတ်စလင်တွေကို အဓိက ကာကွယ်ထားတဲ့ ဥပဒေပဲ။ အဲလို ကာကွယ်ထားတာတောင်မှ ရခိုင်ပြည်နယ်မှာ ပြန်ကြည့်လိုက်ရင် ၉၆ ရာခိုင်နှုန်းလောက် ဘင်္ဂါလီတွေ ဖြစ်နေပြီ။ ဒီတော့ ဒါကရှိသင့်တယ်။ ဒီအချိန်မှာ ဒါကို သွားကိုင်လိုက်ရင် အချေအတင်တော့ ဖြစ်ကြမှာပဲ။ ဒါကို ပြင်မယ်ဆိုရင် ပြဿနာအေးဖို့ မဖြစ်နိုင်ဘူး။ ပြဿနာ ပိုဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အခုအချိန်မှာ ဒါကို မပြင်သင့်ဘူးလို့ ယူဆပါတယ်" ဟု ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က "၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေက ဥပဒေ ပညာရှင်တွေ ကိုယ့်နိုင်ငံအတွက် နှစ်ပေါင်း သုံးလေးနှစ်လောက် သေချာလေ့လာပြီးမှ ပြဋ္ဌာန်းထားတဲ့ ဥပဒေပဲ။ နိုင်ငံအတွက် တန်ဖိုးရှိတဲ့ ဥပဒေပဲ။ နိုင်ငံတကာက ဒို့နိုင်ငံကို သူတို့တွေရဲ့ တပည့်တပန်းတွေလို့များ အောက်မေ့နေကြလား မသိဘူး။ ဒို့နိုင်ငံမှာ နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော် တည်ငြိမ်ရေး၊ တိုင်းရင်းသား အရေးတွေကို ဒီဥပဒေက ကာကွယ်ပေးထားတာပဲ။

မတရားတာတွေ လုံးဝမပါဘူး။ ၈၂ ဥပဒေကို ဘာမှပြင်စရာ မလိုဘူး။ ဒီဥပဒေက တိုင်းရင်းသား လူမျိုးဖြစ်ရင် နိုင်ငံသား ဖြစ်မယ်။ ဒီနိုင်ငံမှာ လာနေတဲ့ သူတွေအနေနဲ့ နိုင်ငံသား ဖြစ်လိုရင် ဧည့်နိုင်ငံသား စသည်ဖြင့် အဆင့်ဆင့် ဆက်စပ်လို့ ရတာပဲ။ ဒီနိုင်ငံကို သွေးနဲ့ တည်ဆောက်ထားရတာ။ ဘာဖြစ်လို့ ဒီဥပဒေကို မလိုမလား ဖြစ်နေကြရတာလဲ။ ကျူးကျော်လာသူတွေကို တရားဝင်ဖြစ်အောင် ဒီဥပဒေကို ပြင်ခိုင်းနေကြတာ။ ဒါသဘာဝ မကျဘူး" ဟု ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "ကျွန်တော်က မပြင်ဘူး။ ပြင်ဖို့ ပြောလာရင် ကျွန်တော်ကန့်ကွက်မယ်။ ဒီဥပဒေကို နိုင်ငံတကာ စံနှုန်းနဲ့ မညီဘူး။ လူ့အခွင့်အရေးနဲ့ မညီဘူးလို့ ပြောလာတဲ့သူတွေ ရှိတယ်။ အဲဒီလူတွေက လွှတ်တော်ကိုယ်စားလှယ်ဆိုရင် လွှတ်တော်မှာ တင်ပြပြီး အပြန်အလှန် debate လုပ်ရင် အကောင်းဆုံးပဲ။ အင်မတန်မှ ပြင်ချင်နေတယ် ဆိုလည်း နိုင်ငံသားလက်မှတ် အတုလုပ်ရင်၊ နိုင်ငံသားဖြစ်ကြောင်း လိမ်လည်ရင် ဥပဒေမှာ ထောင်ဒဏ်နဲ့အတူ ဒဏ်ငွေတွေ သတ်မှတ်ထားတာ ရှိတယ်။ အဲဒီ ဒဏ်ငွေကို တိုးဖို့ပင်မယ် ဆိုရင် သဘောတူတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် လူဦးရေ သန်းထောင်ချီ ရှိနေသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံ၊ လူဦးရေ ပေါက်ကွဲနေသည့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံမျိုးကြားတွင် ရှိနေသောကြောင့် ယင်းအချက်များနှင့် ညှိနှိုင်းရေးဆွဲခဲ့သည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် မလိုအပ်သေးကြောင်း၊ နိုင်ငံတကာ စံနှုန်းများနှင့် ညီခြင်းမညီခြင်း ဆိုသည်ထက် မြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေး အခြေအနေနှင့်အညီ ထည့်သွင်းစဉ်းစား သင့်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

From: Eleven

2 comments:

ဘင်္ဂလီက ရခိုင်မှာ ၁ သန်းကျော်ရှိတယ် လ၀က ၀န်ကြီး ဦးခင်ရီက 12-6-2013 သတင်းစာမှာ ဖတ် လိုက်၇တယ်။ ၈၂ ခုနှစ်ဥပဒေသာပြင်လိုက်ရင် ၁၀ စုနှစ်အတွင်မြန်မာပြည်ကို မွတ်နိုင်ငံလို့ ကြေငြာ ရမယ်။မျိုးချစ်စိတ်/သာသနာချစိစိတ် ရှိတဲ့ မြန်မာအပေါင်းတို့ ဒေါ်စု ရဲ့အစိုကို ဆန့်ကျင်စို့။
ထောက်ခံလား။
သာသနာချစ်သူ

ဟာဂျီစု ဟာ အဝေးမြင်ပြီး အနီးမှုန်နေပါတယ်။
ဒါကြောင့် အနီးက၀ါးပြီး focus မကျဖြစ်နေတယ်။
ဒါကြောင့်ဟာဂျီစု ကိုဆန့်ကျင်သည်။
နောက်ပြီး အမျိုးသားလုံခြုံရေး နှင့် အမျိုးသားအကျိုးစီးပွါးကိုထိပါးနေသူဟုမြင်ပါသည်။
တိုင်းပြည်တိုးတက်မှုကို တရားမ၀င်ဘင်ဂါလီအရေးနှင့်
စုကြည်က အပေးအယူလုပ်ချင်နေသည်။
သူမအချုပ်ကျနေစဉ် ရခိုင်ရေပိုင်နက်ပဲ့ပါသွားတာကို
မသိလေရော့သလား။
ခုထပ်ပြီးတော့ရခိုင်အတွက်ဘာတစ်ခုမှအဆုံးရှုံးမခံရ
အောင်ကြိုးစားရမှာကို
မကူညီချင်နေပါ သူမကပါနှောက်ယှက်နေလို့ ဟာဂျီမစုကြည်ကို အပြတ်ကိုဆန့်ကျင်တယ်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်