Tuesday, August 28, 2012

ဆီးဂိမ်းတွင် ရွှေတံဆိပ် မရနိုင်သည့် အားကစားနည်းများ မြန်မာမပြိုင်

Posted by drmyochit Tuesday, August 28, 2012, under | No comments


ရန်ကုန် (မဇ္ဈိမ) ။     ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၃ ခုနှစ် ဆီးဂိမ်း SEA Games အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် မရနိုင်သည့် အားကစားနည်းများကို ချန်လှပ်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် အကောင်း ဆုံး အားကစားသမားဆု ချီးမြှင့်သည့် အခမ်းအနားတွင်  မြန်မာ အားကစားဝန်ကြီး ဦးတင့်ဆန်း က ပြောသည်။


၂ဝ၁၃ ခုနှစ် ဆီးဂိမ်းတွင် မြန်မာက အားကစားနည်း ၃၂ မျိုး ယှဉ်ပြိုင်ရန် လျာထားပြီး ထိုအထဲမှ မည်သည့် အားကစားနည်းများ ပယ်ဖျက်မည်ကို မစိစစ်ရသေးကြောင်း ဝန်ကြီး က ပြောသည်။

“ဆီးဂိမ်းမှာ ရွှေတံဆိပ် မရနိုင်တဲ့ အားကစားနည်းတွေကို ချန်လှပ်ထားဖို့ ရှိပါတယ်။ ဘယ်ကစားနည်းကို ချန်မလဲ ဆိုတာကတော့ သေချာ မပြောနိုင်သေးပါဘူး။ ကစားနည်း လေးမျိုးလောက်ကို ချန်လှပ်ထားဖို့တော့ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြိုင်ပွဲမှ ချန်လှပ်ထားမည့် အားကစားနည်းများကို ၂ဝ၁၃ ဇန်နဝါရီလတွင် ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် ဝန်ကြီး များအ စည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်မည့် အားကစားသမားများကိုလည်း ရွှေတံဆိပ်တခုကို အနည်းဆုံး ကျပ်သိန်း တရာ ချီးမြှင့်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ဆိုသည်။

“ဆီးဂိမ်းမှာ ရွှေတံဆိပ်ဆွတ်ခူးနိုင်မယ့် ကစားသမားတွေကို ရွှေတခုကို အနည်းဆုံး ကျပ်သိန်းတရာ ချီးမြှင့်မယ်လို့ကြေညာ ထားပါတယ်။ ဒီထက်ပိုချင်လည်း ပိုမှာဖြစ်ပေမယ့် သိန်းတရာ ထက်တော့ မနည်းပါဘူး” ဟု ဦးတင့်ဆန်း က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ အင်ဒိုနီးရှား ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ခုသာ ဆွတ်ခူးနိုင်ခဲ့သော် လည်း ၂ဝ၁၃ ခုနှစ်၊ ဆီးဂိမ်းပြိုင်ပွဲတွင်မူ အနည်းဆုံး ရွှေတံဆိပ် အခု တရာအထိ ဆွတ်ခူးနိုင်လိမ့်မည်ဟု ဝန်ကြီးက ခန့်မှန်းထား၍ ဆု ကြေး အဖြစ် အနည်းဆုံး ကျပ်သိန်းပေါင်း တသောင်း ချီးမြှင့်ရန် ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်