Tuesday, August 28, 2012

ကော့သောင်းမြို့ ပြည်သူလူထု ပန်ကြားလွှာ

Posted by drmyochit Tuesday, August 28, 2012, under | No comments


၂၀-၈-၂၀၁၂ ရက်နေ့လည် ၁နာရီခန့်က ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်း၊ အမှတ်(၅) အင်န်အယ်လ်ဒီပါတီရုံးမျက်နှာချင်းဆိုင် မြရည်ပုလဲလမ်းဘေး၌ အင်န်အယ်လ်ဒီပါတီဝင် ဦးမျိုးလွင်၊ ၅၀နှစ်၊  ၁၄ / ဒဒရ (နိုင်) ၁၆၀၆၂၀၊ အမေ့အိမ်(၂) ကျူရှင်ဆရာ၊ အမှတ်(၉၇)ဗိုလ်ချုပ်လမ်း၊ အောင်သုခ ရပ်ကွက်၊ ကော့သောင်းမြို့သူ တစ်ဦးတည်းမှ အင်န်အယ်ဒီပါတီ အလံစိုက်ထူ၍ စားပွဲ(၁)လုံးပေါ်တွင် " ရပ် / ကျေးဖွဲ့ စည်းဖို့(NLD) ကော့သောင်းခရိုင် / မြို့နယ်ကော်မရှင် အဖွဲ့ဖွဲ့စည်းမှုအား ကန့်ကွက်သည်၊ အစာငတ်ခံသဘောထား ဖော်ထုတ်ပွဲ၊ ၂၀၁၂ ဩဂုတ်လ ၂၀ ရက်" ဟုရေးသားထားသည့် ဝှိုက်ဘုတ်တစ်ခုအား ထောင်ထားပြီး ၂ လက်မခွဲခန့်ရှိ စပီကာ ၁ လုံးတင်၍ ပါတီတွင်း မကျေနပ်ချက်များအား ဖော်ထုတ်ပြောကြားလျှက် ရှိကြောင်းနှင့် ယင်းသို့ပြောကြား နေသည့်နေရာသို့ ကော့သောင်းမြို့နယ် အင်န်အယ်လ်ဒီအဖွဲ့ဝင် ဦးမြင့်မောင်(၁) ပါ ၃ ဦးတို့ရောက်ရှိလာပြီး ပြည်သူ လူထုကြီးသို့ ပန်ကြားလွှာခေါင်းစဉ်ပါ ကွန်ပျူတာစာစီထားသည့် စာရွက်၂ရွက်အား လမ်းပေါ်တွင် ဖြတ်သန်းသွားလာ သူများသို့ လက်ကမ်းဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်