Tuesday, August 28, 2012

ဆွေးမြေ့နေတဲ့ ရှားတော-လွိုင်ကော် တံတားပျက်စီးကျိုးကျ

Posted by drmyochit Tuesday, August 28, 2012, under | No comments



ပါလောင်းကျေးရွာနှင့် ဒေါတယုတ်ရွာ နားမှ ပျက်စီးနေသည့်တံတားကို ပြုပြင်နေသည့်ဒေသခံများတွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာနှင့် ဒေါတယုတ်ရွာအနီးရှိ တံတားကြီးဆွေမြေ့ နေပြီဖြစ်၍ ကျိုးကျပျက်စီးနေတာကို တွေ့ရပါတယ်။တံတားက လွိုင်ကော်မြို့နဲ့ ရှားတောမြို့သွားတဲ့ ကားလမ်းမပေါ်က တံတား တစင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ ရက်က အဲဒီပျက်စီးနေတဲ့တံတားကို ပါလောင်းကျေးရွာက ဒေသခံရွာသားတချို့နဲ့ ဒေါတယုတ်ရွာက ဒေသခံတို့ကနေပြီး ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေကြတာကို တွေ့ရပါတယ်။


ပျက်စီးနေသည့်တံတားကို ပြုပြင်နေသည့်ဒေသခံများတွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
တံတားကို ပြုပြင်ကူညီပေးနေတဲ့ အသက်လေး ဆယ် ကျော် အရွယ်ရှိ ပါလောင်းကျေးရွာက ဦးလေးတဦးက အခုလိုရှင်းပြပါတယ်။

“တံတားက တော်တော်ဟောင်းနေပြီ ပျက်စီး နေတာ တွေက ရှိပြီးသားပါ။ အဲဒါတံတားက ပေါက်ပြဲနေတော့ ကားတစီးအရိုန်နဲ့ ဖြတ်သွားအပြီးမှာဘဲ ပျက်ကျသွား တာပါ” လို့ ပြောပါတယ်။
တံတားပျက်စီးပြီးချက်ချင်းမှာဘဲ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ ဆောက်လုပ်ရေးဌာနကိုလည်း အကြောင်းကြား ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီမှာ လူအင်အားစုစုပေါင်း နှစ်ဆယ် ကျော်လောက် က လာပြီးလုပ်နေကြရတာပါ။၎င်းက “နှစ်ရွာ စလုံးကလူတွေနဲ့ လာပြီးကိုယ့်ဘာသာကိုယ် လာလုပ် ကြတာပါ။ သက်ဆိုင်ရာ လူကြီးတွေကိုလည်း ပြောပြထားပါတယ်။ ဘာမှတော့ပြန်မပြောပါဘူး။ အခုတော့ ကျနော် တို့ဘာ သာကျနော်တို့ လုပ်နေတာ ပြီးတော့မှာပါ။ ဒီလောက်လုပ်အားနဲ့လုပ်တာ မနက်ဖြန်ဆို ပြီးလောက်ပါပြီ” လို့ ပြောပါတယ်။
ကုန် ကား တွေ ထော်လဂျီတွေနဲ့ ရှားတောသွားတဲ့ လိုင်းကားတွေအပါအဝင် လမ်းလွှဲကနေ သွားနေကြတာကို တွေ့ရပါတယ်။

ဆောက်လုပ်ရေးဌာနမှ ဝန်ထမ်းတဦးက “ဌာနဆိုင် ရာဘက်ကလုပ်ရင်လည်းအလုပ်သမားခေါ်ရမှာဆိုတော့ ဒီဘက်က တခြားလူကို ခေါ်စရာမလိုတော့ဘဲ ဒီလိုဒေသခံတွေ လာလုပ်တယ်ဆိုရင် သူတို့ကို လုပ်အားခပေးရမှာပါ။ လုပ်အားခတွေကို တခြားလူတွေဆီ မရောက်တော့ဘူးပေါ့ သူတို့အနေနဲ့လည်း လုပ်အားခက သူတို့ဆီကို ရောက်သွားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။





0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်