Wednesday, August 01, 2012

ယီမင်နိုင်ငံအတွင်း အီတလီလုံခြုံရေးအရာရှိအား ပြန်ပေးဆွဲခဲ့ခြင်း

Posted by drmyochit Wednesday, August 01, 2012, under | No comments


NHK.or.jp.com;July-30(Mon)
ယီမင်ရှိ အီတလီ သံရုံး လုံခြုံရေး အရာရှိ တစ်ဦးအား သေနတ် သမား များက ပြန်ပေး ဆွဲခဲ့ပြီး ယီမင် နိုင်ငံ၏ လုံခြုံရေး အခြေ အနေသည် ဆိုးရွား လာလျက် ရှိကြောင်း သိရှိရ ပါသည်။ ၄င်းအရာ ရှိသည် ဇူလိုင်လ ၂၉ ရက်နေ့က မြို့တော် ဆာနာတွင် လက်နက် ကိုင်လူ တစ်စု၏ ဖမ်းဆီြး ခင်းခံခဲ့ ရကြောင်း၊ ၄င်းလက်နက် ကိုင်လူ တစ်စုသည် ကားတစ် စီးဖြင့် အီတလီ သံရုံးသို့ ချဉ်းကပ် လာခဲ့ကြောင်း ရိုက်တာ သတင်း ဌာနက ပြောကြား ခဲ့ပါသည်။ ပြန်ပေးဆွဲ သူများ အနေဖြင့် ယခုတိုင် တစ်စုံ တစ်ရာ ပြောကြားခြင်း မရှိ သေးကြောင်း သိရှိရ ပါသည်။ အီတလီ အစိုးရ အနေဖြင့် ထောက်လှမ်းရေး သတင်း အချက် အလက်အား စုဆောင်း လျက်ရှိ ကြောင်း၊ ပြန်ပေးဆွဲ ခံရသူအား ဆောလျင်စွာ ကယ်ထုတ် ရေးသို့ ဦးတည်ကာ လုပ်ဆောင် ရန်နှင့် အကူ အညီ ပေးရန် အတွက် ယီမင်အ စိုးရအား တောင်းဆို ခဲ့ကြောင်း သိရှိရ ပါသည်။ ထိုကဲ့သို့ ပြန်ပေး ဆွဲခံရမှု သည် ယီမင် နိုင်ငံ အတွင်း မတည် ငြိမ်မှု ဆက်လက် ဖြစ်ပေါ် နေသော အခြေ အနေအား ထင်ရှား စေခဲ့ကြောင်း သိရှိရ ပါသည်။
နိုင်ငံရေး အာဏာ ပြောင်းလဲ ချိန်မှ စ၍ နိုင်ငံရေး ရှုပ်ထွေးမှု များကို ကောင်းစွာ အသုံး ချပြီး တိုင်းပြည် အတွင်း အယ်လ် ကိုင်ဒါ တို့သည် လက်နက် ကိုင်အုပ်စု များနှင့် ချိတ်ဆက်၍ တိုးချဲ့ မှုများ ပြုလုပ် လာခဲ့ ပါသည်။ နောက်ထပ် အခြား နေရာများ တွင်လည်း နိုင်ငံ ခြားသား များအား ပြန်ပေး ဆွဲမှုဖြစ် စဉ်များ ရှိခဲ့ ပါသည်။ မတ်လ အတွင်း ဆွစ်ဘာ သာစကား နည်းပြ ဆရာမအား လက်နက် ကိုင်အုပ်စု တစ်စုက ဖမ်းဆီး ခဲ့သည်။ လက်နက် ကိုင်အုပ်စုမှ ထိန်းသိမ်း ထားသည့်  ရဲဘော်များ ပြန်လွတ် ပေးရန် ညှိနှိုင်း တောင်းဆို ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်နေ့က ဝန်ကြီးဌာန အတွင်း အုံကြွ မှု၌ သမ္မတအား ဖြုတ်ချရန် လက်နက်ကိုင် ၁ဝဝ ခန့်နှင့် ပြည်သူ များမှ ထောက်ခံခဲ့ ကြပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်