CNA.com;July-31(Tue)
အမေ ရိကန် ရီပတ် ဗလစ်ကန်
သမ္မတလောင်း Mitt Romney က
ဂျေရု ဆလင် မြို့ကို အစ္စရေး နိုင်ငံ၏ မြို့တော် အဖြစ် ထောက်ခံကြောင်း အမေ ရိကန် နိုင်ငံ၏
မူဝါဒနှင့် ဆန့်ကျင်သော သဘောထား တစ်ရပ်ကို ထုတ်ဖော် ပြောကြား ခဲ့မှု အပါအဝင် မကြာသေး
မီက မှတ်ချက်ပြု ပြောကြားခဲ့ ခြင်းများနှင့် ပတ်သက်၍ ဖြေရှင်း တင်ပြရန် အိမ်ဖြူ တော်က
Romney ကို ဇူလိုင်လ ၃ဝ ရက်နေ့တွင် တောင်းဆို ခဲ့ပါသည်။ ၃ နိုင်ငံ အလည် အပတ် ခရီးစဉ် သွားရောက် နေသော Romney သည် ဇူလိုင်လ ၂၉
ရက်နေ့တွင် ဂျေရု ဆလင် မြို့၌ မိန့်ခွန်း ပြောကြားခဲ့ စဉ်အတွင်း ဂျေရု ဆလင် မြို့ကို
အစ္စရေး နိုင်ငံ၏ မြို့တော် အဖြစ် ဂုဏ်ပြု ပြောဆိုခဲ့ ပါသည်။ ၄င်းသဘော ထားကို အစ္စရေး
နိုင်ငံက ထောက်ခံခဲ့ သော်လည်း ကမ္ဘာ့ အသိုင်း အဝိုင်း ကမူ သဘောတူ လက်ခံခြင်း မရှိပေ။
၎င်းမှတ်ချက် စကားကို ပါလက်
စတိုင်း စေ့စပ် ညှိနှိုင်း ရေးမှူး Saeb Erakat က ပယ်ချ ခဲ့ပြီး ၄င်းမှတ်ချက် စကားသည်
အရှေ့ အလယ်ပိုင်း ဒေသ အတွင်း အမေ ရိကန်၏ အကျိုး စီးပွား များကို ထိခိုက်စေ နိုင်ကြောင်း ပြောကြား ခဲ့ပါသည်။ ဇူလိုင်လ ၃ဝ
ရက်နေ့တွင် ဂျေရု ဆလင် မြို့၌ အလှူ ရှင်ပုဂ္ဂိုလ် များအား မိန့်ခွန်း ပြောကြားစဉ်
အတွင်း Romney
က အစ္စရေး နိုင်ငံ၏ ယဉ်ကျေး မှုသည် နိုင်ငံ စီးပွားရေး
အောင်မြင် မှုကို အထောက် အကူပြု ခဲ့ကြောင်း ပြောကြားမှု အပါအဝင် အငြင်းပွား ဖွယ်ရာ မှတ်ချက်
စကားများ စွာကို ထုတ်ဖော် ပြောကြားခဲ့ ပါသည်။ အဆိုပါ သဘော ထားသည် လူမျိုးရေး ဝါဒီ ဖော်ပြမှု
အဖြစ် Erakat က
ပြစ်တင် ရှုတ်ချ ခဲ့ပြီး အမေ ရိကန် သမ္မတ ဘားရက် အိုဘား မား၏ ရုံးအ ဖွဲ့က Romney အား ၄င်း၏ မှတ်ချက် စကားများနှင့် ပတ်သက်၍ ဖြေရှင်း
ပြောကြားရန် တိုက်တွန်း ခဲ့ပါသည်။
Romney ၏ မှတ်ချက် စကားများသည် လူအများကို စဉ်းစား
စရာ ဖြစ်စေလျက် ရှိကြောင်း Romney အနေဖြင့် မည်သည့် ရည်ရွယ် ချက်ဖြင့် ပြောခဲ့ခြင်း၊ မည်သည့်
အကြောင်း အရာကို ရည်ရွယ်၍ ပြောခဲ့ ခြင်းနှင့် ပတ်သက်၍ ဖြေရှင်း ပြောကြားရန် တောင်းဆို
မည်ဖြစ်ကြောင်း အိမ်ဖြူ တော်ပြောရေး ဆိုခွင့်ရှိသူ Josh Earnest က နေ့စဉ် အိမ်ဖြူတော် အစည်းအဝေး တစ်ခုတွင် သတင်း
ထောက်များ ကိုပြောကြား ခဲ့ပါသည်။ ဂျေရု ဆလင်မြို့နှင့် ပတ်သက်၍ Romney ၏ သဘော ထားသည် ကာလ ကြာရှည်စွာ ထားရှိ လာသော အမေ ရိကန်
နိုင်ငံ၏ မူဝါ ဒကို ဆန့်ကျင် နေကြောင်း Erakat ကပြော ကြားခဲ့ ပါသည်။
0 comments:
Post a Comment