RIA Novosti.com;July-30(Mon)
လုံခြုံမှု အဆင့် အတန်း ရှိသည့် မြေပုံများအား ပင်တဂွန် စစ်ဌာန
ချုပ်သို့ ရောင်းချမှုဖြင့် ရုရှား စစ်မှုထမ်း ဟောင်းတစ်ဦးအား ရုရှား တရားရုံးချုပ်က
ဇူလိုင်လ ၃ဝ ရက်နေ့တွင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခြင်းကို အတည်ပြု ခဲ့သည်။ တရားခံ ဗလာဒီ
မာလာဇာမှာ ယခင်က ရုရှား တပ်မတော် မြေပုံဌာန တွင် ဦးစီး အရာရှိကြီး အဖြစ် ဗိုလ်မှူးကြီး
အဆင့်ဖြင့် တာဝန် ထမ်းဆောင်စဉ် ၄င်း၏ အသိ ကျောင်းသား တစ်ဦးမှ တစ်ဆင့် အမေရိကန် ပင်တဂွန်
စစ်ဌာန ချုပ်သို့ လုံခြုံမှု အဆင့် အတန်း ရှိသည့် မြေပုံ ၇,၅ဝဝ အား လွှဲပြောင်း ပေးခဲ့ကြောင်း၊
၎င်း၏ ထွက်ဆိုချက် အရ ၁၉၉၄ ခုနှစ် ကတည်းက အမေရိကန် ထောက်လှမ်းရေး ဌာနနှင့် ပူးပေါင်း
ကြံစည်ခြင်း ဖြစ်ကြောင်း သိရသည်။ လာဇာအား မော်စကိုမြို့တရားရုံးက မေလတွင် ကြားနာ စစ်ဆေးခြင်း
ပြုလုပ်ပြီး နိုင်ငံ၏ လျှို့ဝှက်ချက် ပေါက်ကြားမှု၊ နိုင်ငံ အပေါ်တွင် သစ္စာ ဖောက်မှု တို့ဖြင့်
အပြစ် ရှိကြောင်း တွေ့ရသည်။ လာဇာသည် မြေပုံ လွှဲပြောင်းပေး မှုတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့
သော်လည်း ၄င်းအ နေဖြင့် ပြစ်မှု ကျူးလွန်ခြင်း ဖြစ်သည်ကို မစဉ်းစား မိခဲ့ကြောင်း ပြောကြား
ခဲ့သည်။
Time in Rangoon

0 comments:
Post a Comment