ဂျူလိုင် ၃၀ နှင့် ၃၁ ရက်အတွင်း သျှမ်းပြည်တောင်ပိုင်းရှိ
ျြCSS/SSA တပ်စခန်းနှစ်ခုအား မြန်မာအစိုး ရတပ်က ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဒေသအတွင်း
သတင်းအရင်းအမြစ်ကပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်
လွယ်ယေးရှိ SSA တပ်စခန်းအား အစိုးရစစ်တပ်က ယမန်နေ့ ညမှ စ၍ ယနေ့မနက်ပိုင်းအထိချီတက်တိုက်ခိုက်ခဲ့ကြောင်း၊
အစိုးရဘက် သေကျကျေဆုံးမှုများကြောင်းျြCSS/SSA အရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။
ထို့အပြင် ယနေ့မနက် ၈ နာရီခန့်က မိုင်းပန်မြို့
နောင်လေအုပ်စု၌ ရှိနေသော သျှမ်းပြည်တပ်မတော်မှ တပ်ဖွဲ့တစ်ဖွဲ့လည်း မြန်မာအစိုးရ၏ထိုးစစ်ဆင်တိုက်ခိုက်မှုခံခဲ့ရကြောင်း၊
သေကြေဒဏ်ရာရမှု အသေး စိတ် မသိရသေးကြောင်း အဆိုပါအရာရှိကပြောသည်။
၎င်းင်းနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ
ဒု ဥက်ကဌ မီးရထားဝန်ကြီး ဦးအောင်မင်းထံ ‘နှစ်ဦးနှစ်ဖက်ကြား တိုက်ပွဲထပ်မံမဖြစ်ပွါးအောင်
မည်သို့လုပ်ဆောင်ရမည်’ ဟူသည့် အကြောင်းကြားစာတစောင် ယနေ့ပေးပို့ပြီးဖြစ်ကြောင်း၊ ‘ဦးအောင်မင်းလဲ
ဝိုင်းဖြေရှင်းဖို့တာဝန်ရှိတယ်’ ဟု ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောပါသည်။
ယခုထပ်မံဖြစ်ပွါးသော တိုက်ပွဲနှစ်ပွဲသည်
မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိပြီး နောက်ပိုင်း ၂၆ နှင့် ၂၇ ကြိမ်မြောက်ဖြစ်သည်။
0 comments:
Post a Comment