အစာမစားလိုသည့် ပြဿနာ ကြုံတွေ့ရတဲ့ မိခင်လောင်းများဟာ ကလေးရနိုင်ချေနည်း တဲ့အပြင် မျိုးဆက် ပွားကျန်းမာရေးပြဿနာတွေနဲ့လဲ ကြုံတွေ့ရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထား ပါတယ်။
လေ့လာမှုမှာ အစာမစားလိုတဲ့ အခြေအနေ(anorexia)ကိုကြုံတွေ့ နေရတဲ့ အမျိုးသမီးတွေဟာ ပုံမှန်အစား စားသုံးသူများထက် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းစတဲ့ အခြေအနေတွေကိုပိုပြီး ကြုံတွေ့ရ နိုင်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ စိတ်ဖိစီးမှုကြောင့် အစာမစားတဲ့ရောဂါ (bulimia) ရောဂါရှင် တွေဟာလဲ ဒီလိုပြဿနာတွေဖြစ်သွားနိုင်ခြင်းမှာ အကျုံးဝင်နေပါတယ်။
လေ့လာမှုခေါင်းဆောင် Helsinki University မှ သုတေသီ Dr Milla Linna က “စောစောစီးစွာ သိရှိခြင်း၊ ထိရောက်တဲ့ကုသမှုတွေဟာ ဒီအစာမစားချင်တဲ့ ပြဿနာကို ကုသနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကလေးအသေမွေးခြင်းတွေကို ကာကွယ်နိုင်ပါလိမ့်မယ်”လို့ ရှင်းပြထားပါတယ်။ ဒီလေ့လာမှုဟာ Helsinki University ရဲ့ သင်ကြားရေးဆေးရုံကြီးကို ၁၉၉၅ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း ဆေးရုံတက်ရောက်ကုသခဲ့တဲ့ အစာမစားချင်တဲ့ ရောဂါရှင်အမျိုးသမီးတွေရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို ဆန်းစစ်သုံးသပ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အမျိုးသမီး (၁၁၀၀၀)ကျော်ပါဝင်ခဲ့ပြီး အစာမစားလိုတဲ့ပြဿနာ ကြုံတွေ့ ရသူလူနာပေါင်း (၂၂၅၇)ဦး ပါဝင်ပါတယ်။
Dr Milla Linna က “အစာမစားခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းတွေ ဆက်စပ်နေ တယ်ဆိုတာကိုသာ ဖော်ထုတ်နိုင်ခဲ့ပြီး ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို လေ့လာနေဆဲဖြစ်ပါတယ်”လို့ ရှင်းပြထားပါတယ်။
သက်နှင်း
Ref: ANI
Health Updates Journal
Time in Rangoon


0 comments:
Post a Comment