Wednesday, October 30, 2013

သြစီကို ကျောင်းလာတက်တဲ့ အိန္ဒိယ ကျောင်းသားဦးရေ လျော့နည်းလာ

Posted by drmyochit Wednesday, October 30, 2013, under | No comments


သြစတြေးလျနိုင်ငံမှာ ပညာသင်ယူနေတဲ့ အိန္ဒိယနိုင်ငံက ကျောင်းသားတချို့ တိုက်ခိုက်ခံရပြီးနောက် ခုအခါမှာ အိန္ဒိယနိုင်ငံကနေ သြစတြေးလျနိုင်ငံမှာ လာရောက်ပညာသင်ယူနေတဲ့ ကျောင်းသားဦးရေး သိသိသာသာ လျော့ကျနေပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယနိုင်ငံက ကျောင်းသားအယောက်ပေါင်း ၂၄၀၀၀ ကျော်သာ သြစတြေးလျနိုင်ငံမှာ ပညာသင်ယူနေပြီး ဒါဟာ ခါတိုင်းနှစ်နဲ့ ယှဉ်ရင် ၂၆% လျော့နည်းလာတာ ဖြစ်ပါ တယ်။


အိန္ဒိယနိုင်ငံက ကျောင်းသားတွေ သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားမှု နည်းလာပေမယ့် တရုတ်နိုင်ငံက ကျောင်းသားတွေ လာရောက်ပညာသင်ယူမှု များပြားနေပြီး တစ်နှစ်အတွင်း တရုတ် ကျောင်းသား အယောက်ပေါင်း ၅၄၀၀၀ ပညာသင်ယူကြနေတာ ဖြစ်ပါတယ်။


တရုတ်ကျောင်းသားဦးရေ ၉% များပြားလာတာဖြစ်ပြီး ပြည်ပနိုင်ငံက ကျောင်းသားတွေ သြစတြေးလျ နိုင်ငံမှာ ပညာသင်ယူမှုက ၂.၅% ပိုများလာတာ ဖြစ်ပါတယ်။


သြစတြေးလျနိုင်ငံရဲ့ ပညာရေးအပေါ် ပြည်ပနိုင်ငံက ကျောင်းသားတွေ စိတ်ဝင်စားမှု များပြားတဲ့အတွက် ပညာရေးကဏ္ဍဟာ သြစတြေးလျ အစိုးရအတွက် အများဆုံး ဝင်ငွေရရှိအောင် လုပ်ဆောင်ပေးတဲ့ ကဏ္ဍ ထဲမှာ ပါဝင်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၅.၃ ဘီလီယံ လောက်ရှိပါတယ်။


သြစတြေးလျနိုင်ငံကို ဝင်ငွေရအောင် အများဆုံး ဖန်တီးပေးတဲ့ တခြားကဏ္ဍတွေကတော့ မိုင်းတွင်းလုပ် ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း နဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်ကြ ပါတယ်။


ABC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်