ဖြူး အောက်တိုဘာ ၂၈
ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉/ ၄) နှင့် (၁၁၉/၅) အကြားြ>ွပန်ပေါက် အမှတ် (၁၂ဝ/၂) အတွင်းဒဏ်ရာ များနှင့် ပုပ်ပွနေသည့် အမျိုးသမီး အလောင်းနှင့်ပတ်သက်၍ အမှုမှန် ဖော်ထုတ်နိုင်ရေးအတွက် ဖြူးအမြန် လမ်းရဲစခန်းက အောက်တိုဘာ ၂၁ ရက်တွင် ရဲစခန်းများသို့ ကူညီစုံစမ်း ပေးနိုင်ရန် အကြောင်းကြားထား ကြောင်း သိရသည်။
အမှုမှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်က အထက် ဖော်ပြပါနေရာတွင် ပုပ်ပွနေသော အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိရကြောင်းသတင်းအရ ဖြူး အမြန်လမ်းရဲစခန်းက တာဝန်ယူ၍ ဒုရဲအုပ်ဝင်းနိုင် ဦးစီးရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ရာ အမည်၊ နေရပ် မသိရသော ပုပ်ပွနေသည့် အမျိုးသမီး အလောင်းကို ရင်ညွန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေ ကြောင်းတွေ့ရပြီး လက် ချောင်း၊ ခြေချောင်းများမှာ ပျက်စီးနေ သည်ကို တွေ့ရသည်။
သေဆုံးသူ အမျိုးသမီးမှာ အရပ် ၅ ပေ ၃ လက်မခန့်၊ ဆံပင်နက်ပြီး ကျောအထိရှည်လျား၍ နီညိုရောင် အမျိုးသမီးရုပ်ပုံပါ တီရှပ်အင်္ကျီ ဝတ်ဆင်ထားသည်။ နီညိုရောင်ဆွယ် တာ၊ ဒူးကပ်ဘောင်းဘီ ဝတ်ဆင်ထား ပြီး အခင်းဖြစ်နေရာဝန်းကျင်မှ မိန်းမ စီးအနက်ရောင် ကတ္တီပါဖိနပ်တစ်ရန် ကိုတွေ့ရှိခဲ့၍ ဖြူးအမြန်လမ်းရဲစခန်း က အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိပြီး မြို့နယ်များရှိ ရဲစခန်းအလိုက် လူပျောက်ဆုံးမှု ရှိ မရှိ ကူညီစုံစမ်း ပေးနိုင်ရန် သတင်းဖြန့်ဝေထား ကြောင်း သိရသည်။
ဖြိုးလွင်အောင်(ရေတာရှည်)
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း
Time in Rangoon


0 comments:
Post a Comment