Saturday, February 16, 2013

ရုရှားမှာ ဥက္ကာခဲကျ လူ ၇၅၀ ဒဏ်ရာရ

Posted by drmyochit Saturday, February 16, 2013, under | No comments

အာကာသ ကထဲ ကနေကြွေ ကျလာတဲ့ ဥက္ကာခဲ တခုကြောင့် ရုရှားနိုင်ငံ Ural တောင်တန်းဒေသ မှာ ပေါက်ကွဲ မှုတွေဖြစ်ပြီး ပြတင်းမှန်တွေ ကွဲကုန်တဲ့ ဖြစ်ရပ် တခု သောကြာနေ့မနက်က ဖြစ်ခဲ့တယ်လို့ ရုရှား တာဝန် ရှိသူတွေက ပြောပါတယ်။

ဒီဥက္ကာခဲ ရဲ့ဒဏ်ကြောင့် ရုရှားနိုင်ငံ CHELYABINSK ဒေသမှာ ပြတင်းမှန်တွေကွဲကုန်ပြီး လူ ၇၅၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိ သူတွေက အတည်ပြုပြောဆိုခဲ့ပါတယ်။


ပေါက်ကွဲမှုကြောင့် Chelyabinsk သွပ်စက်ရုံ အမိုးနဲ့နံရံတွေ ပျက်စီးကုန်တယ်လို့ ဒေသတာဝန် ရှိသူတွေက အတည်ပြုပြီး မိုဘိုင်းဖုန်း ဆက်သွယ်ရေး စနစ်လည်း ပြတ်တောင်း ပြတ်တောင်းဖြစ်နေ တယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး ၀န်ထမ်းတွေလည်း အဲဒီဒေသမှာ ရောက်နေကြပြီလို့ ရုရှား အရေးပေါ် ကယ်ဆယ်ရေးဌာနက ကိုယ်စားလှယ်တဦးဖြစ်သူ Vladimir Stepanov က ပြောပါတယ်။

ကမ္ဘာမြေပေါ်ကျလာမယ်လို့ တွက်ဆထားကြတဲ့ 2012 DA 14 ခေါ် ကြယ်ပုံ ဥက္ကာခဲတခု မြေကြီးနဲ့ မထိခင် နာရီပိုင်းအလို ဥက္ကာခဲတခုက Russia နိုင်ငံနယ်မြေပေါ်ကို ကျလာခဲ့ပြီး ပျက်စီးမှုတွေ ဖြစ်ခဲ့ တာပါ။ အနံ ၄၅ မီတာ ရှိတဲ့ အဲဒီ ကြယ်ပုံဥက္ကာခဲဟာ ကမ္ဘာမြေနား ၁၆,၇၇၇ မိုင် အကွာအထိ ကပ်လာနိုင်တယ်လို့ အမေရိကန် အာကာသသိပ္ပံအဖွဲ့ NASA က ပြောပါတယ်။ ဒါပေမဲ့ ကြယ်ပုံ ဥက္ကာခဲဟာ ကမ္ဘာမြေကို ထိမှန် အန္တာရာယ်ပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့လည်း NASA ကပြောဆိုထားပါတယ်။

သောကြာနေ့က Russia နိုင်ငံပေါ် ကြွေကျလာတဲ့ဥက္ကာခဲနဲ့ ကြယ်ပုံဥက္ကာခဲကြား ဆက်နွယ်ပတ်သက်မှု မရှိဘူးလို့ ဥရောပအာကာသအေဂျင်စီက twitter စာမျက်နှာကနေ ပြောဆိုထားပါတယ်။ သောကြာနေ့ မနက် ပိုင်းက ရုရှားနိုင်ငံရဲ့ လူနေနည်းတဲ့ Chelyabinsk ဒေသတစ်ခုမှာ ဥက္ကာခဲတခု ကျရောက်ခဲ့ပြီး ပြင်းထန် တဲ့ပေါက်ကွဲမှု နဲ့ လူပေါင်း ၇၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အများစုကတော့ အဆောက် အအုံတွေရဲ့ မှန်ကွဲမှန်စတွေကြောင့် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ယူကျူမှာတင်ထားတဲ့ အပျော် တန်း ဗီဒီယိုရိုက်သူတယောက်ရဲ့ဗီဒီယိုမှာ ကောင်းကင်မှကျလာတဲ့ အလွန်တောက်ပတဲ့ အလင်း တန်းကြောင်းကို တွေ့ရပြီး မကြာခင်မှာပဲ တနေရာကိုထိုးကျသွားတာကို တွေ့ရပါတယ်။

2012DA14 အမည်ရတဲ့ ဂြိုဟ်သိမ်လေးတခုက ကမ္ဘာနဲ့အနီးကပ်ဆုံး (မိုင် ၁၇၁၅၀) ဖြတ်သွားမယ့်ရက် မတိုင်မီ တစ်ရက်မှာ ယခုဥက္ကာခဲကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တိုက်ဆိုင်မှုသာဖြစ်ပြီး အဲဒီ၂ခု ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။ Meteors ခေါ် ဥက္ကာခဲတွေဟာ ဂြိုဟ်ငယ်ပေါ်က ကျောက်ဆိုင်ခဲ အပိုင်းအစတွေ ဖြစ်ပြီး ကမ္ဘာလေထုလွှာထဲကို ၀င်ရောက်လာကာ ဖြစ်ပါတယ်။ အများစုကတော့ ကောင်းကင်ပေါ်မှာပဲ လောင်ကျွမ်းကုန်ဆုံးသွားပြီး ပိုကြီးတဲ့ ဥက္ကာခဲတချို့ကတော့ ကမ္ဘာမြေပြင်ပေါ်ကို အလွန်ပြင်း ထန်တဲ့အရှိန် တစ်နာရီ ၁၉၀၀၀ မိုင်နှုန်းနဲ့ ကျရောက်တတ်ကြောင်း ဥရောပအာ ကာသအေ ဂျင်စီက ပြောပါတယ်။ ဥက္ကာခဲတွေဟာ ငါးနှစ်နဲ့ဆယ်နှစ် အကြားမှာတစ်ကြိမ် ကမ္ဘာမြေသို့ ကျရောက် တတ်ပြီး ယခုလို ကြီးမားတဲ့ဥက္ကာခဲ ကျရောက်မှုက ရှားပါးတယ်လို့ ဂျာမဏီတက္ကသိုလ် University of Muenster မှ ပညာရှင် Addi Bischoff က ပြောပါတယ်။

Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်