Saturday, February 16, 2013

Spitfires စစ် လေယာဉ်များ မြန်မာနိုင်ငံမှာ မြှုပ်နှံထားခြင်း မရှိပါ

Posted by drmyochit Saturday, February 16, 2013, under | No comments

မိုးမခအထောက်တော် အမှတ် ဝဝ၇
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃

ဒုတိကမ္ဘာစစ်အတွင်း မြန်မာပြည်တွင် မြှုပ်နှံ ထားသည်ဟု ဆိုသော Spitfires စစ် လေယာဉ်များ တူးဖော် ရေး အစီ အစဉ်ကို ရပ်နား လိုက်ပြီ ဟု
လေယာဉ်ရှာဖွေရေး လုပ်ငန်း လုပ်ကိုင် သည့် အဖွဲ့ကို ကမကထပြု သူက ပြော ဆိုကြောင်း AFP သတင်း တွင် ရေးသား ဖော်ပြထားသည်။ ၁၉၄၅ ခုနှစ်က ဗြိတိသျှစစ်တပ်က ထိုလေယာဉ်များ မြှုပ်နှံထားသည်ဟူသော ယူဆချက်ကြောင့် ရန် ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်းတွင် လေ့လာခဲ့သေးကြောင်း အဆိုပါ သတင်းတွင် ရေးသား ဖော်ပြ ထားသည်။

ကွင်းဆင်း စစ်ဆေး ချက်များ၊ အထောက် အထားများ အရ ၁၉၄၅/၁၉၄၆ ကာလအတွင်း မင်္ဂလာ ဒုံလေယာဉ် ကွင်းသို့ လေယာဉ် အစိတ် အပိုင်းများ ပို့ဆောင်ခြင်း သော် လည်းကောင်း၊ မြှုပ်နှံခြင်းသော်လည်းကောင်း ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ယခု ယုံကြည်ရသည်ဟု လေယာဉ် ရှာဖွေရေး လုပ်ငန်း လုပ်ကိုင် သည့် အဖွဲ့က ပြောဆို သည်ဟု သတင်း တွင် ရေးထားသည်။

အထောက်အထားများ၊ မြေပုံများ၊ ပုံများ၊ ကောင်းကင်ဓာတ်ပုံများကို စစ်ဆေးခဲ့ကြောင်း၊ မျက်မြင် သက်သေ တို့ကိုလည်း စကားပြောဆိုခဲ့ကြောင်း၊ မြှုပ်နှံခဲ့သည်ဟုဆိုသော နေရာများကိုလည်း ရောက်ရှိ ခဲ့ကြောင်း ထိုအဖွဲ့က ပြောဆိုသည်ဟု ရေးထားသည်။

Spitfires စစ် လေယာဉ်များ မြန်မာနိုင်ငံမှာ မြှုပ်နှံထားသည် ဟူသော အချက်မှာ ဒဏ္ဍာရီသာ ဖြစ်သည် ဟူသော ရလဒ် ထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဒဏ္ဍာရီသည် ၁၉၄၆ ခုနှစ်က အရှေ့တောင်အာရှဒေသ အရက်ဆိုင်များ၊ စားသောက် ဆိုင်တန်း များမှ ထွက်ပေါ်လာသည့် ကောလဟာလပေါ်တွင် အခြေတည်ခဲ့ခြင်းဖြစ်သည်ဟု ရှာဖွေရေးအဖွဲ့၏ သောကြာနေ့ ထုတ် ကြေညာချက်တွင် ရေးထားသည်ဟု ဆိုသည်။

ရှေ့မီနောက်မီ ဒေသခံတို့ကလည်း လေယာဉ်များ မြှုပ်နှံခဲ့သည်ဆိုခြင်းကို တွေ့မြင်ခဲ့ခြင်းမရှိကြောင်း၊ ဗြိတိသျှ မှတ်တမ်းများကလည်း စစ်ပြီးတော့မည့်ကာလတွင် မြန်မာပြည်သို့ လေယာဉ်များ ရောက်ရှိလာသည်ဟူသော အချက်ကို သက်သေခံခြင်း မရှိကြောင်း
ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်ဟု ဆိုသည်။

သို့သော် လည်း လေယာဉ်ရှာဖွေရေးစီမံကိန်းတွင် ပါဝင်သော လုပ်ငန်းရှင်တဦးဖြစ်သူ ဦးထူးထူးဇော်က မြစ်ကြီး နား နှင့် မင်္ဂလာဒုံလေယာဉ်ကွင်းတို့တွင် တူးဖော်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်မည်ဟု ယနေ့ ပြောဆို လိုက်သည်ဟု သတင်းတွင် ရေးထားသည်။

တူးဖော်ရေး လုပ်ငန်း များ စတင်ခြင်း မပြုရသေးသဖြင့် Spitfires စစ် လေယာဉ်များ ရှိမရှိကို သေ ချာပေါက် မပြောနိုင်သေးဟု ဦးထူးထူးဇော်က AFP သတင်းဌာနကို ပြောကြားသည်။

မိုးမခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်