Saturday, February 16, 2013

ငြိမ်းချမ်းရေးစကားဆိုနေသော်လည်း မူလလုပ်ငန်းများကိုKIA စွန့်လွှတ်မည်မဟုတ်

Posted by drmyochit Saturday, February 16, 2013, under | No comments

ကချင်ပြည် နယ်၊ ကာမိုင်း မြို့နယ်ခွဲ ဈေး အတွင်းရှိ ဈေးဆိုင် များ အနေဖြင့် စိတ်ချမ်း သာ စွာဖြင့်ဈေး ရောင်း ချ နိုင်ရန် ကချင်တပ်ဖွဲ့(KIA)တွေကို နှစ်စဉ် ကြေးပေးနေကြ ရပါတယ်။ နှစ်စဉ်ကြေးပေး ထားပြီး ဖြစ်ပေ မယ့် ဒီနှစ်မှာ တော့ အခါတိုင်းလိုမဟုတ်ဘဲ KIA တပ် ဖွဲ့တွေ အနေနဲ့  အစိုးရတပ်တွေ မရှိတဲ့အချိန်တွေမှာလာရောက်ပြီး ငွေကြေး ထပ်မံကောက် ခံနေ ပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကာမိုင်းကဈေးဆိုင်ပိုင်ရှင်တွေအခက်အခဲတွေ့ကြုံနေ ကြရပါတယ်။

``ကျွန်မ တို့ အနေနဲ့ ဒီမှာဈေး ရောင်းနေ တာနှစ်ပေါင်း များစွာ ကြာပါပြီ။ ဒီကာမိုင်းမြို့ ဟာအစိုး ရရုံးစိုက် တဲ့ မြို့ဖြစ်ပေ မဲ့ ကျွန်မ တို့ဈေး သည်တွေ အနေနဲ့ တဖက် ကလူတွေ ကိုလဲ တည့်အောင်ပေါင်း သင်းရပါ တယ်။ အစိုးရ က ပစ် မသတ်နိုင်ပေ မယ့်သူတို့  တဖက်က လူတွေက အချိန်မရွေး ပစ်သတ် သွားနိုင် တဲ့အ တွက် ကြောက်နေရ ပါတယ်။ ဒါကြောင့်သူတို့ (KIA)တွေကို နှစ်စဉ်ကြေးစုပေါင်းကောက်ခံပေးရပါတယ်။ တစ်နှစ် စာပေး ထားပြီး ရင်၁ နှစ်ပတ် လုံး စိတ်ချလက်ချ ဈေးရောင်းလို့ရပါတယ်။ အခုကျတော့ ဒီလိုမ ဟုတ်ပြန် ဘူး။ ခနခန လာပြီး ငွေတောင်းနေ ပါတယ်။ မပေးလို့ လဲမရဘူး။ ပိုက်ဆံ မပေးနိုင် ရင်သူ တို့က ကျွန်မတို့ သားသမီးတွေ ကို တောထဲခေါ် သွားမှာကြောက် နေကြရပါတယ်....´´

ကာမိုင်းဈေး ထဲမှာ ဈေးဆိုင် ဖွင့်ထားတဲ့ ဒေါ်ရွယ်ဂျီက သူတို့ဈေးဆိုင်ပိုင်ရှင်တွေရဲ့ ကြုံတွေ့နေရတဲ့အခက် အခဲ ကိုပြောပြခြင်းဖြစ် ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပြီး ခိုင်မာတဲ့သဘောတူညီချက်တွေ ရရှိမှသာ ကချင်ပြည် နယ် မှာနေထိုင်ကြတဲ့သူတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပပျောက်မှာဖြစ်ပါတယ်။ KIAအဖွဲ့နဲ့ အစိုးရ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေကြပေမယ့် လက်အောက်မှာရှိနေကြတဲ့KIA တပ်ဖွဲ့ ငယ်တွေ အနေနဲ့ ငွေကြေးတောင်း ခံခြင်း၊ လူသစ်စုဆောင်းခြင်းနဲ့ အမျိုးသမီးငယ်တွေကို အတင်းအကြပ် ဖမ်းဆီးခြင်းတွေ လုပ်ဆောင်လျက် ရှိနေ တယ်လို့ သိရှိရပါတယ်။

Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်