Friday, May 03, 2013

မိတ္ထီလာအကြမ်းဖက်မှုသံသယရှိသူ ၅၀ ကျော်အား အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို

Posted by drmyochit Friday, May 03, 2013, under | No comments


မန္တလေး- လူပေါင်း ၄၀ ကျော်သေ ဆုံးခဲ့သည့် မိတ္ထီလာ အကြမ်းဖက် မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယ ရှိသူ လူ ၅၀ ကျော်အား ဖမ်းဆီးထား ပြီး ယင်းတို့ကို အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို အရေးယူ သွား မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။

လူသတ်မှု၊ လုယက်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုစသည့်ပြစ်မှုပုဒ်မ (၁၀)ခုခန့်ဖြင့် တရားစွဲ ဆိုမည်ဟု သတင်းရရှိသည်။ ဧပြီလကုန်ပိုင်းအထိ အမှု ၁၀ မှုစွဲဆိုထားပြီဖြစ်ပြီး ၁၂ မှုကို ဥပဒေ အကြံတောင်း ထားကာ ကျန်ရှိသည့် အမှုများကိုလည်း ဆက်လက်တရား စွဲဆိုသွားမည်ဖြစ်ကြောင်း မန္တ လေး တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“ဥပဒေနဲ့ အညီ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဖြစ်အောင် တရားစွဲဆိုအရေးယူသွားပါမယ်” ဟု ဦးရဲ အောင်မြင့် က မေလ ၂ ရက်တွင် ပြောသည်။

တရားခံများအနေဖြင့်လည်း ရှေ့နေများ ငှားရမ်းပြီး ခုခံချေပခွင့် ရရှိရန်၊ မျှမျှ တတ ရှိစေရန် စီစဉ် ဆောင်ရွက် နေကြောင်းဦးရဲအောင်မြင့်ကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် အထိ ပြစ်ဒဏ်ချမှတ်နိုင်သောအမှုများတွင် တရား ခံ အတွက် ခုခံချေပ ပေးမည့် ရှေ့နေမပါရှိဘဲ ပြစ်ဒဏ်ချ မှတ်၍မရကြောင်း၊ ဘုန်းတော်ကြီး ဦးသော ဘိတ အသတ်ခံရမှုတွင် တရားခံများအတွက် ရှေ့နေကို နိုင်ငံတော်မှ ငှားရမ်းပေးခဲ့သော်လည်း အမှုလိုက် ပေးမည့် ရှေ့နေမရှိကြောင်း တရားခံများအတွက် မျှမျှတတဖြစ်စေရန် ၄င်းတို့ကွန်ရက်မှ အခမဲ့ ရှေ့နေ လိုက်ပေးနေကြောင်းမြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ဦးသိန်းသန်းဦးကပြောသည်။

“မိတ္ထီ လာခရိုင် တရားရုံးက တော့ တရားခံအခွင့်အရေး အပြည့် အ၀ပေးထားတာ တွေ့ရတယ်။ ဒီအမှု တွေက တိုင်းပြည်ရဲ့ တရားရေး ဂုဏ်သိက္ခာနဲ့လည်းဆိုင်တယ်” ဟု ဦးသိန်းသန်းဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်အနေဖြင့် အမျိုး၊ ဘာသာမခွဲခြားဘဲတရားဥပပဒေအရ အကာ အကွယ် ပေးနိုင် ရန်နှင့် တရားခံ အစစ်အမှန် ပေါ်ပေါက်ပြီး ဥပဒေအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ချ မှတ်နိုင်စေရန် အကူညီ ပေးနေကြောင်းပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်က ဖြစ်ပွားခဲ့သော မိတ္ထီလာပဋိပက္ခဖြစ် စဉ်တွင် သေဆုံးသူ (၄၀)ကျော်၊ ဒဏ် ရာရသူ (၅၀)ကျော်ရှိခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးမှုကြောင့် လူပေါင်းသောင်းချီ အိုးမဲ့ အိမ် မဲ့ဖြစ် ခဲ့ရသည်။

7 Day News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်